Professional Authors

သူမ

သူမ

သူမဟာ နှင်းမြူတစ်စက်ဖြစ်တယ်
တန့်ရပ်မရတဲ့…စိတ်ကူးတစ်ဖက်ဆီက
အေးမြမှုကို ပိုင်သအုပ်စိုးတဲ့သူ…. ၊

သူမဟာ မိုးပွင့်တစ်ပွင့်ဖြစ်တယ်
တွယ်ရာမရှိတဲ့ … ရင်တစ်ဖက်ဆီက
ကန္တာရလွင်ပြင်ကို ကြဲပက်ဖြန့်မိုးမယ့်သူ…၊

သူမဟာ နေခြည်တစ်လက်ဖြစ်တယ်
နှစ်ကာလအမှောင်….တစ်ဖက်ဆီက
ကျိန်စာလိုမနက်ဖြန်တွေကို … လင်းဖြာဝေဆင်းမယ့်သူ … ၊

သူမဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်
သိစိတ်ရဲ့….စီးလျင်မှုတစ်ဖက်ဆီက
စကားဝါကျတွေနဲ့…..ပုံဖေါ်လို့မရတဲ့သူ….။  ။

                                                               လင်းဆက်မှူး

In: ကဗျာ Posted By: Date: Mar 21, 2011
Comment #1

လင်းဆက်မှူး…
အားပေးသွားပါတယ်..
အဲဒီ သူမ လေးက တော်2ချစ်ဖို့ကောင်းမှာပဲ

commentinfo By: genius.jinx28 at Mar 21, 2011
Comment #2

yoo, it’s so pretty !
hi lin sett , u have a great talent !

commentinfo By: linlin at Mar 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment