Professional Authors

ဖွဲမီး

ပျံကျမိုးလို အပြုံးလေးကို
ကောက်ရိုးတစ်မျှင်လို အားကိုးတကြီးဆွဲကိုင်ခဲ့ဘူးတယ်
အပိုပါပဲလေ
ညတာရှည်တော့အိပ်မက်များတာပေါ့။

ငါနည်းနည်းဈေးကျသွားတဲ့ ဧပရယ်ဖူးလ်နေ.ကကိစ္စ
ဒီနေ.အထိ အဖတ်ဆည်မရသေးဘူး
မင်းမျက်နှာကိုဖြတ်မရိုက်ခဲ့မိတာ
သုံးနှစ်လောက် နောင်တရနေတယ်။

ပြန်ပြောရင်ဒေါသထွက်တာမဟုတ်ဘူး
ဒေါသထွက်ထွက်လာလို. ပြန်ပြောပြောနေရတာ
ကိုယ့်အပူနဲ.ကိုယ်၊ ကိုယ့်ဒုက္ခကိုယ်ရှာတာပေမယ့်လည်း
ပြန်တွေ.ရင် လက်မနှေးအောင်လို.
နာကျည်းမှုကိုကျောသပ်မွေးနေတယ်။      ။

In: ကဗျာ Posted By: Date: Apr 26, 2011
Comment #1

ကိုမော်နီ
စိတ်ကလဲကြီးပါ့……. 😛
ကိုမော်နီ ပျော်ရွှင်ပါစေ….။

commentinfo By: ♥ ကဗျာချစ်သူ ♥ at Apr 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment