Professional Authors

တကယ်လို့များ

တကယ်လို့များ…
မ..သာ…
ပန်းတစ်ပွင့်ဆိုရင်…..
ကျွန်တော်က ဥယျာဉ်မှူးဖြစ်ချင်ပါတယ်…..

ရေလောင်း..ပေါင်းသင်….
ပန်းကလေး လန်းရွှင်နေဖို့ပေါ့….
လှပစွာပွင့်ဖူး…
ကြည့်နေရင်းနဲ့ ကြည်နူးမယ်…..

တကယ်လို့များ…
မ..သာ…
ပင်လယ်ပြင်ဆိုရင်…
ကျွန်တော်က ရေလှိုင်း ဖြစ်ချင်ပါတယ်……

ရင်ခွင်ကျယ်အနှံ့..
ဟိုဟိုသည်သည် ..ကူးခတ်ရင်း..
ပင်လယ်ပြင်ရဲ့ အနားသတ်…
လှပအောင် ဖြည့်စွက်ပေးမယ်……..

တကယ်လို့များ…
မ..သာ..
ကောင်းကင်ပြာဆိုရင်..
ကျွန်တော်က တိမ်တိုက် ဖြစ်ချင်ပါတယ်….

ရောင်စုံ..ပန်းချီကားတစ်ချပ်လို
ကောင်းကင်ကြီးအတွက်…
တင့်တယ်အောင်
ချယ်သပေးမယ်……..

တကယ်လို့များ….
မ..သာ…
တေးဆိုငှက်ဆိုရင်…
ကျွန်တော်က သစ်ပင် ဖြစ်ချင်ပါတယ်…..

အရိပ်မှာနေ.. အသီးကိုစား….
ကိုင်းဖျားမှာနားလို့…..
တေးသံချိုချို…..
ကျွန်တော်နားထောင်ဖို့….
အမြဲတမ်း ဆိုပေးနော်……

တကယ်လို့များ…..
မ…သာ…လိုအပ်မယ် ဆိုရင်…
ကျွန်တော်က ..မ..ရဲ့..
ခရီးဖော် ဖြစ်ချင်ပါတယ်……

ခရီးများ အဆုံးထိ
လက်တွဲ မဖြုတ်စတမ်း…
မမောပမ်းပဲ…
အတူတူလှမ်းကြမယ်လေ………..

လေးညှို့ရှင်
၂၂.၁၀.၂၀၁၃
(10:41 PM)

In: ကဗျာ Posted By: Date: Nov 6, 2013
Comment #1

တကယ်လို့များ….
မ..သာ…
တေးဆိုငှက်ဆိုရင်…
ကျွန်တော်က သစ်ပင် ဖြစ်ချင်ပါတယ်…

commentinfo By: moe zaw naing at Nov 7, 2013
Comment #2

<3

commentinfo By: ei lay at Nov 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment