Professional Authors

တကယ်လို. ပုံစံ သာ တူခဲ့မယ်ဆိုရင်

ငါ. အတ္တ နဲ့ စတဲ့ ဇာတ်
ပြီးဆုံးချိန်မှာ
သိလိုက်ရတာက
ငါ.မာနကို ငါ
ပြည်ဖုံးကားချလိုက်ရတယ်။

အယောင်ဆောင်ကြင်နာမှုတွေနဲ့
ချော.မြူကစားတဲ့
အဲ့နေ. ညနေခင်း
နေရောင်မှာတောင်
အအေးဓာတ်ခြုံလွှမ်းတယ်။
နောက်ဆုံး 
ဆိုတဲ့ စကား
နင် နဲ့ ငါကြား
တံတိုင်းကြီးတစ်ခု ခြားသွားသလိုပါပဲ
ချစ်သူ။

ခံယူချက်တစ်ခု
ဆုံးဖြတ်ချက်တစ်ခုနဲ့
ငါ. အတ္တ ငါ ခင်း
ငါ. ယုံကြည်ချက် ငါ ကိုင်
နင်. အတွက် ငါ တိုက်ခဲ့တယ်လေ
ဒါပေမယ်.
နိုင်မယ်ထင်တိုင်း တိုက်တဲံ အထဲ ငါမပါဘူး။

ဒါကြောင်.
နောက်ဆုံး ဆိုတဲ့
အလင်းကို
မြင်စေချင်လို.
လင်းခိုင်းတဲ့ အတွက်
ငါ.ဘ၀ကို ငါ ထွန်းညှိလိုက်တယ်
ငါ. အချစ်တွေ သူရဲကောင်းဆန်စွာ လောင်ကျွမ်း ပါစေ။

အောင်မြင်မှု နဲ့ ကျရှုံးမှု
ဒွန်တွဲနေတဲ့
ဒီ နှစ်ခု
နင်လိုချင်တဲ့ အောင်မြင်မှု
တစ်ခုအတွက်
စတေးခံငါ.ဘ၀က
ကျေကျေနပ်နပ်ကြီး
လက်ခံလိုက်တယ်။

လက်ခံလိုက်လို.
ရင်နှင်.ရင်းရသည်သော ဘာသော
အပိုတွေ ငါမပြောဘူး
နင်. အတွက်
ဘာသာမဲ့ စကား
ငါ. ဘယ်ဘက် ရင်အုံမှာ အပြည်.ရှိတယ်။

အင်းပါ
အပေါင်းလက္ခဏာကိုဖျက်
အနှုတ်နှစ်ထပ်ဆင်.တာ
ညီမျှခြင်းပါတဲ့
ဟုတ်ပါပြီ
နင်. အတွက် ငါ ဆုတောင်းပေးလိုက်ပါ.မယ်
ပုံစံတူတိုင်း
အဓိပါယ် မတူပါစေနဲ့
ပုံစံတူတိုင်း
အဓိပါယ် မတူပါစေနဲ့
ပုံ စံ တူ တိုင်း
အ ဓိ ပါယ် မတူ ပါ စေ နဲံ ……………………………….။

                                                                      wx@d…?

In: ကဗျာ Posted By: Date: May 29, 2011
Comment #1

………………………………………
……………….ခံစားသွားတယ်
အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at May 31, 2011
Comment #2

အားပေးနေပါတယ်…..wxad ရေ……
သိစေချင်တဲ့သူ…နားလည်နိုင်ပါစေလို့ …ဆုတောင်းပေးပါတယ်….

commentinfo By: terry at Jun 28, 2011
Comment #3

right,,
right,,,
right,,,

commentinfo By: ei lay at May 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment