Professional Authors

ချစ်သူတောင်းတဲ့ဆု နဲ့ ကောင်းကင်တစ်ခု

ကဲ..ဘယ်လောက်ဖြူစင်လိုက်သလဲ
သူ ကကြယ်လေးဖြစ်ချင်သတဲ့ ….
ဆုတောင်းတာလေ

ဆန္ဒတွေမသိခင်တော့ ငါ  အတ္တတွေများတယ်
ချစ်သူသိပါတယ်..
ကျွန်တော်က ခံစားချက်တွေကို မဖွင့်ဟခဲ့တဲ့သူဆိုတော့
ဝေးမှပဲ …
ကဗျာတွေထဲ ငါဖွင့်ချရဲခဲ့တယ်
မရယ်ပါနဲ့ ..ချစ်သူ

နောက်ဘဝ လူဘဝ ငါဆုမတောင်းပါဘူး
နင်ကကြယ်လေးဆို ..ငါကနင့်အတွက်ရင်ဘတ်ကြီးဖွင့်ပြီး ကောင်းကင်ကြီးဖြစ်ချင်နေတဲ့ကောင်ပေါ့
ဘယ်ဂြိုလ်မှာဖြစ်ဖြစ်ပေါ့..ချစ်သူ

In: ကဗျာ Posted By: Date: Nov 17, 2012
Comment #1

oh godness,,,
sa kar lone tway ka a g g pe naw.
😛

commentinfo By: ei lay at Nov 17, 2012
Comment #2

thkz for your comment ..
kyar par p .(real story lay par )

commentinfo By: thahanthit at Nov 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment