Professional Authors

သိုးငယ်

သိုးငယ်
တစ်ခါတုန်းက
မျှော်လင့်ချက်တွေနဲ့ ယုံကြည်ခဲ့ ဖူးတယ်
တစ်ခါတုန်းက

အိပ်မက်တွေနဲ့ စိမ်းလန်း မွှေးမြခဲ့ဖူးတယ်

တစ်ခါတုန်းက

ကဗျာတွေနဲ့ ကမ္ဘာကို ဖန်ဆင်းချင်ခဲ့ဖူးတယ်

တစ်ခါတုန်းက

ကောင်းကင်ပြာပြာကြီးရဲ့ အောက်မှာ
ကိုယ့်ကို ကိုယ် သူရဲကောင်းလို့ ထင်ခဲ့တယ်
တစ်ခါတုန်းက

မိုးတွေ ညိုလာရင် မျက်ရည် စိုလာတတ်ခဲ့တယ်
တစ်ခါတုန်းက

နယူတန်ရဲ့ နိယာမကိုလည်း ယုံကြည် ကိုးကွယ်ခဲ့တယ်

တကယ်ပါ

တစ်ခါတုန်းက
အမှန်တကယ် ရိုးသားခဲ့ဖူးတယ်။

(ဂျွန်မိုးအိမ်)

In: ကဗျာ Posted By: Date: Jun 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment