Professional Authors

ခင်ဗျား လက်နဲ့ရေးတဲ့ သွေး


နောက်ကြောင်းကို

တဖြောင်းဖြောင်း အရိုက်ခံခဲ့ ရပေမယ့်

စာရင်းပေါက်တော့ ရာဇ၀င်လူဆိုးတဲ့

သွေးစက်တွေ ခြေရာခံကြည့်တော့

အင်းးး. …. !

သွေးဖောက်သွားတာကိုက

သွေးသောက်တွေ

ထပ်ပြောမနေတော့ပါဘူးလေ

ဒီလူတွေက သစ္စာရေ တိုက်လည်း

ထပ်မိုက်နေကြအုံးမှာ

မိုက်ကြဟေ့

အမှောင်မကုန်ခင် ဇတ်သိမ်းလိုက်ကြတာပေါ့

ပြောရင်းဆိုရင်း ကုလားထိုင်ပေါ်က လူ ဆင်းလာပြီး
စာတန်းတစ်ချက်လာထိုးသွားတယ်

….. The End …… ဆိုပဲ

….. မဆိုးပါဘူး

…. ခင်ဗျားလက်ရေးလှတယ်
.

.
.
SaTan
In: ကဗျာ Posted By: Date: Nov 5, 2013
Comment #1

အကိုရေ ကြိုက်လို့ fbမှာ တင်ခွင့်ပြုပါ

commentinfo By: waiyan at Nov 6, 2013
Comment #2

. The End …… ဆိုပဲ

….. မဆိုးပါဘူး

…. ခင်ဗျားလက်ရေးလှတယ်
.

ကြိုက်ပါကြောင်း ………..

commentinfo By: မေပျို at Nov 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment