Professional Authors

ခင်ဗျားဆိုလိုရင်း ခင်ဗျားကိုယ်တိုင်နားလည်ရဲ့လား

ခင်ဗျားဆိုလိုရင်း ခင်ဗျားကိုယ်တိုင်နားလည်ရဲ့လား

လူတစ်ယောက်ရဲ့စိတ်အကန့်အသတ်ကို ပြောင်းပြန်လှန်ကြည့်လိုက်ပါ
ကံဆိုတာအလုံးအပြားအတိုအရှည်လေးထောင့်အ၀ိုင်းဟုတ်မဟုတ်တွေ့ရလိမ့်မည်မဟုတ်

မျက်နှာဖုံးတပ်လိုက်တိုင်းခင်ဗျားကံကောင်းသွားရောလားအဲဒီမျက်နှာဖုံးဆိုတာကရော
ပွဲဈေးမှာဝမ်းရေးအတွက် တစ်ခု ၅၀ ကျပ်တန်တဲ့ ဈေးနှုန်းသတ်မှတ်ပြီးကလေးအကြိုက်ကတ္ထူစက္ကူတစ်ခုလား
အပြုံးဆိုတာအမျိုးမျိုးရှိသည် မချိပြုံး မဲ့ပြုံး မလိုတမာပြုံး အပြုံးဋီကာ ဖွဲ့ပြနေရဦးမှာလား
လေတိုက်တိုင်းသစ်ရွက်ကြွေသည်ဆိုပါစို့
လူဆိုတာ တစ်ခုခုကိုအမြဲမျှော်နေတတ်တဲ့သတ္တဝါအကြီးစားဖြစ်သည်ဆိုလျှင်အခုချိန်ကစပြီး
ခင်ဗျားနားတွေပိတ်ထားလိုက်တော့ မျက်လုံးတွေဆွံ့အသွားသည့်တိုင်အောင်သံယောဇဉ်ကို ပိုးမွေးသလိုမွေးမြူကြည့်ကြတာပေါ့
အဆုံးမရှိသောအစတဲ့ အစမရှိသောအဆုံးကို ပြန်လည်ရှာဖွေကြည့်သောအခါ
၁။မနက်ဖြန်ဘယ်ပုံစံနဲ့ ခင်ဗျားအသက်ရှုမလဲ
၂။ကိုယ်ကျင့်သိက္ခာကို ပက်လက်လှန်ထားကြည့်မိသောအခါ
၃။ဆေးစိမ်ထားတဲ့ဝါကျအတိုများ စသည်ဖြင့်….စသည်ဖြင့်
လျှာယားစရာကောင်းသောစာသားတစ်ချို့တစ်လေကို လျှာဖျားလေးနှင့်မတို့ပါနှင့်
ခင်ဗျားလည်ချောင်းအ၀မှာ ကျွန်တော်မြင်လိုက်မိတဲ့ စကားလုံးအသေ က တိုးလို့တန်းလန်း
ကျေးဇူးပြု၍ မျှားချိတ်မှာအစာအတုတပ်၍၀ါကျအရှင်ဖြင့်ကျွန်ုပ်ကို မျှား ပါ။

အမည်မဲ့
In: ကဗျာ Posted By: Date: Jul 25, 2011
Comment #1

ဖတ်သွားတယ် 😀

commentinfo By: အသဲကွဲမိုး at Jul 25, 2011
Comment #2

ရှယ်~

commentinfo By: မိုးသစ်လေပြေ at Jul 25, 2011
Comment #3

အားပေးသွားပါတယ် အစ်ကိုတော်……

commentinfo By: moehtetaung18 at Jul 25, 2011
Comment #4

Good…. Right../

Comment #5

မျက်နှာဖုံးတပ်လိုက်တိုင်း ခင်ဗျားကံကောင်းသွားရောလား စာသားလေး မိုက်တယ် ။

commentinfo By: X - ray at Aug 1, 2011
Comment #6

ဟုတ် နားလည်အောင်ကြိုးစားပါ့မယ်….။

commentinfo By: ဆည်းဆာ at Aug 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment