အလွမ်းပြန့်ကြဲည
အလွမ်းပြန့်ကြဲည
ခရမ်းပြာ ပင်လယ်ပြင်
လခြမ်းက ရွက်ဆင်
တိမ်ခိုးတွေ ဟီးလေးခိုလို့
အနှိုင်းမဲ့ မျှောလွင့်………….။
နီယွန်မီးတို့ရဲ့ မာကျူရီည
ငွေသော်တာရောင်ခြည်တို့
အရောင်မှိန်ဖျော့နေလေသလား
(အမေ့ခံ ဘ၀မှာ)
လမင်းကြီးရော လွမ်းနေလား
ကြယ်လေးတွေရော လွမ်းနေလား………………။
အိပ်မက်ထဲမှာတော့
ကြိုးပျက်သွားတဲ့ ဂီတာအိုတစ်လက်နဲ့
အလွမ်းတွေတေးဖွဲ့
ခပ်တိုးတိုး ဆိုညည်းဖို့ကြိုးစားရင်း
ပင်လယ်ထဲ မိုးရွာဆဲ………………။
လရထားပေါ် ခိုစီးရင်း
မှိန်ပျပျ ကြယ်လေးတို့ရဲ့
လှပတဲ့ နေ့စွဲကို တမ်းတ
ဒီည
အလွမ်းတွေပြန့်ကျဲ
ကြေကွဲရတဲ့ညပေါ့………..။
နှလုံးသားမှာ
အလွမ်းတွေနဲ့ အဆိပ်သင့်ရင်း
(ငါကိုယ်တိုင်လည်း)
လမင်းကြီးကို လွမ်းနေလား
ကြယ်လေးတွေကို လွမ်းနေလား
မသေချာ မရေရာဘူး…………….။
အိပ်မက်များကို
အကောင်အထည် ဖော်ခွင့်ရရင်
ဘ၀မှာ (အရာရာ)
ပြီးပြည့်စုံသွားမှာလို့ ထင်ခဲ့တာ………..။
ကွယ်……..
ဒီည……….
အလွမ်းပြန့်ကျဲညပေါ့……………။
(ဂျွန်မိုးအိမ်)
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
မသေချာ မရေရာတဲ့ဘ၀ထဲမှာ
အရာရာ လွမ်းစရာတွေပြည့်သိပ်နေဆဲ
မွန်းကြပ်လွန်းတဲ့ ညသန်းခေါင်ချိန်
အိပ်မက်များကို အဖော်ပြုရင်း
လှပလွန်းတဲ့ နေ့စွဲကို တမ်းတ
ဒီည
ပြန့်ကျဲနေတဲ့ အလွမ်းများ
ပြန်စုနေတယ်ကွယ်….