Professional Authors

ချူပ်ရိုးပြတ် ဘ၀ဇာတ်

ဘ၀ရဲ့ ဆေးစက်ကျပုံတွေက
အသက်ရဲ့ ၀င်ခြင်းထွက်ခြင်းရပ်တန့်အောင် အထိလာလာငြိတယ်
ပုံမှန် မြင်နေကျ အပြုံးတွေတောင်မှ ဇာတ်လမ်းသဘောလို မြင်ယောင်လာ
မှတ်တိုင် မရှိတဲ့ ခရီးသွား တယောက်လိုပဲ ငါ့လမ်းကြောင်းတွေ 
ငါမှင်နီရေးခြစ်ခဲ့တယ်

အမည်းရောင်မှာ အရိပ်ဆိုးဖြစ်ခဲ့တာ မဟုတ်ဘူး
တခြားအရောင်နဲ့ လည်း အရိပ်ဆိုးဖြစ်နိုင်တယ်
မှင်တစက်ကျရုံနဲ့ နွားနိုးတခွက် အရောင်ပြောင်းပေးရမယ်ဆိုတဲ့
သီအိုရီကိုလည်း ငါတွက်တတ်လာခဲ့ပြီး

ခန်းနားမြင့်မြတ်လွန်းလှတဲ့ လူ့ဘ၀ပြဇာတ်မှာ
လူလိုမကပဲ ဟန်ဆောင်ဇာတ်ဝင်ခန်းတွေများလာတယ်
ဇာတ်ခုံပေါ်မှာတော့ ပုံမှန်ဇာတ်လမ်းသွားပဲ
ပရိတ်သတ်ကသာ စိတ်ပေါက်တဲ့ အချိန်လက်ခုပ်ထတီးပေးကြရုံပါ
အမှန်တကယ်က လက်ခုပ်သံမြတ်နိုးသူတွေအတွက်ဆိုတာ
လိုက်ကာချမှ သိလိုက်ရတယ်

ရုတ်တရက် ချူပ်ရိုးပြတ်လောက်တဲ့ ရှင်သန်မှုကြီးမှာ
အနာဂတ်ကို ပဒိုင်းသီးလိုစားချင်မနေပါနဲ့
မှန်းလျောက်ခဲ့တဲ့ ဘ၀ခရီး
အပျော်အပါးမက်လောက်တဲ့သူတွေကတော့ အသီးသီး ဂူအောင်းကြလေသတည်း

လူခတ်နေ 

In: ကဗျာ Posted By: Date: Oct 27, 2013
Comment #1

အမည်းရောင်မှာ အရိပ်ဆိုးဖြစ်ခဲ့တာ မဟုတ်ဘူး
တခြားအရောင်နဲ့ လည်း အရိပ်ဆိုးဖြစ်နိုင်တယ်

commentinfo By: nate thit at Oct 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment