Professional Authors

ငါ့နေထိုင်မှု

မမြင်နိုင်တဲ့ ချစ်ခြင်းတွေအတွက် 

 မသေချာတဲ့ ငါ့ဘဝကို 

 ပုံအပ်ဖို့ဆိုတာ ရူးမိုက်လွန်းများနေလား။ 

 တိမ်စိုင်တွေနဲ့နှိုင်းပြရအောင်လဲ 

 ငါ့ဘဝက မသန့်စင်လွန်းဘူးဟ။ 

 လေနှင်ရာကို မျောပါနေတာတော့  တူတူပါပဲ။

 စိတ်ဓာတ်နှင့် အကျင့်တွေကတော့ 

 ခါးတယ် ကလေးရယ်။ 

 နေရထိုင်ရတာ အလွမ်းတွေနဲ့ဆိုတော့ 

 သွားရလာရတာ အနွမ်းတွေနဲ့ပေါ့။ 

 ငှက်ကလေးတွေလိုလဲ အပျံမတတ်ချင်ဘူး။ 

 သစ္စာရှိလွန်းရင်လဲ ခွေးတွေလိုပဲတဲ့။ 

 ဘုရားရှေ့မှာတောင်

 တောင်းဆုပြုစရာ မရှိတဲ့

ဘဝကြီးနဲ့ ငါလိုလူကို 

မင်းငြင်းခဲ့ရင်လည်း စိတ်မဆိုးပါဘူးလို့……။

In: ကဗျာ Posted By: Date: Sep 2, 2010
Comment #1

အားပေးတယ်………….. ဆက်ေ၇းပါ။

commentinfo By: May Kha at Sep 2, 2010
Comment #2

ကျေးဇူးပါဗျာ
ဆက်ရေးနေမှာပါ။
ဘယ်တော့မှ မရပ်ပါဘူး။

commentinfo By: NothingOwner at Sep 3, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment