Professional Authors

ကတိ

အလင်းကိုငါမသိဘူး
ဒါကြောင့် .. မှောင်တယ်

နေ့တွေအကြောင်းကို
ပုံပြောမယ့် “ည” က
ရုတ်တရက် ဆွံ့အသွားတယ်
တိတ်ဆိတ်မှုနဲ့ အတူ
ည က ည ကို အမှောင်နဲ့စားတယ်။။

တောင်တောင်အီအီတွေးရင်း
နေဝင် နေထွက် မေ့ချင်တယ်
ပညက်တွေကို မေ့ချင်တယ်
အိပ်မက်တွေကိုမေ့ချင်တယ်
အလွမ်းတွေကိုမေ့ချင်တယ်
ကတိတွေကိုမေ့ချင်တယ်
တတိတိပေါ့ ငါ့ကိုငါမေ့ချင်တယ်။

ငါနဲ့အတူ နင့်ကိုပါမေ့ချင်တယ်……
အဲ့ဒီ့ ည …
သုံးမရတဲ့ ကတိ တွေနဲ့အတူ
ငါ ကိုယ် ငါ ဆွံ့အ လိုက်ချင် တယ်။။။။

သုခေတ် (4:37 PM) (26.12.2014)

In: ကဗျာ Posted By: Date: Dec 26, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment