Professional Authors

ဘဝနဲ့ကြယ်

ကောင်းကင်ကြီးကိုမော့ကြည့်ရင်း
ကြယ်တွေရေတွက်ဖူးပါသလား

တစ်ခါတစ်လေ
ကိုကိုယ်တိုင် ကြယ်လေးတစ်ပွင့်လောက်
ဆွတ်ယူထားလိုက်ချင်ပေမဲ့လည်း
မိုင်တွေဝေးကွာနေတယ်ဆိုတဲ့အသိက
ရင်ထဲမှာ

ဒီလိုနဲ့
ဘယ်နှစ်ယောက် ကိုယ်တန်ဖိုးထားတဲ့
ကြယ်တွေနဲ့ ဝေးခဲ့ကြပြီလဲ
ဘယ်နှစ်ယောက် အတိတ်တွေကို
ပြည်ဖုံးကား ချခဲ့ကြပြီလဲ
ဘယ်နှစ်ယောက် အထင်မှားမုန်းတီးမှုတွေနဲ့
လူမသိသူမသိ ငိုကြွေးခဲ့ကြပြီလဲ

အချစ်တစ်ခုထဲနဲ့မလုံလောက်တဲ့အခါ
တစ်နေ့စာ ဝမ်းရေးလုံလောက်ဖို့အတွက်
ရှိသမျှအင်အားတွေနဲ့ရုန်းကန်နေရတဲ့အခါ
နာကျင်မောပန်းမှုတွေနောက်က
မိသားစုထမင်းဝိုင်းတွေ လူမစုံတော့တဲ့အခါ
မတတ်နိုင်တော့လို့
ကြယ်လေးကို အဝေးကပဲ
လှမ်းကြည့်နေရတဲ့ လူမျိုးတွေလည်း
တစ်ပုံကြီးပါ

ဒီလိုပါပဲ
သူဟာလည်း အကြောင်းကြောင်းကြောင့်
ကျမ မဆွတ်ယူရက်ခဲ့တဲ့
အဝေးက အတောက်ပဆုံးကြယ်လေးတစ်ပွင့်
ဖြစ်ခဲ့ပါရဲ့

22/05/2010 by decemberhninpwintlay

In: ကဗျာ Posted By: Date: May 22, 2010
Comment #1

ကျေးဇူးတင်ပါတယ်
ဒီကဗျာလေးက ကျမနဲ့ လုံးဝကြီးထပ်တူမကျပေမဲ့
အဝေးရောက်မြန်မာအချို့အတွက် ခံစားပြီးရေးထားတာပါ

commentinfo By: Snowflake at May 22, 2010
Comment #2

ann… 😀

commentinfo By: Snowflake at May 22, 2010
Comment #3

ကဗျာလည်း ကြိုက်ပါတယ်ခင်ဗျာ။
ဘာလို့လည်းဆိုတော့ ကျွန်တော်မှာ လည်း ဘယ်လိုမှ မမှီနိုင်ခဲ့တဲ့
ကြယ်တစ်ပွင့်ရှိဖူးလို့ပါ။

commentinfo By: ဝေယံ at May 22, 2010
Comment #4

ကျွန်တော့်ကို ဓာတ်ပုံဘယ်လိုတင်ရမလဲ ဆိုတာ ပြောပြပေးကြပါ …

commentinfo By: lianno at May 22, 2010
Comment #5

http://en.gravatar.com/

hmar photo upload lote lite par

commentinfo By: Snowflake at May 22, 2010
Comment #6

အရမ်းကောင်းတယ်…တော်တော်လေးကို အဓိပါယ်ရှိတယ်

commentinfo By: paloattoat at May 22, 2010
Comment #7

thanks 🙂

commentinfo By: Snowflake at May 22, 2010
Comment #8

ကြယ်လေးတွေကိုတစ်ခုပြီးတစ်ခုရေတွက်နေခဲ့မိတယ်
ဒါပေမယ့် ကြယ်ကောင်းကင် နဲ့ ကြယ်တွေကိုကော
ဘယ်လိုခံစားချက်ရှိမလဲ
အဝေးရောက်မြန်မာတွေကို လွမ်းနေမယ့် 
အနီးရှိမြန်မာတွေကော
ဘယ်လိုခံစားချက်ရှိမလဲ

သံယောဇဉ်မင်း
သံယောဇဉ်နန်းတော်

commentinfo By: thanyawzinmin at May 23, 2010
Comment #9

ကျေးဇူးတင်ပါတယ် Snowflake ကလောင်နာမည်လေး ထဲ့ပေးမယ်ဆိုရင် ရပါတယ်

commentinfo By: Snowflake at May 23, 2010
Comment #10

kya ma thi par tal a to yay lite tar par 🙂

commentinfo By: Snowflake at May 23, 2010
Comment #11

ဒီကဗျာလေးကို သိပ်ကြိုက်ပါတယ် နှင်းလွှာ … ထပ်ရေးပါဦးလို့လည်း တောင်းဆိုပါရစေ

commentinfo By: harry at May 29, 2010
Comment #12

လူဆိုးရဲ့ခံစားချက်နဲ့ထပ်တူကျနေတယ် .. ဘာလို့လဲဆိုရင်လူဆိုးကအဝေးတစ်နေရာ
ရောက်နေလို့ပါ …. 🙁

commentinfo By: chityellusoelay at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment