Professional Authors

“၀န်ပေါ့ခြင်းနှင့် စောင့်ကြိုသူ …”

ဘူတာရုံကြီးက တဖြည်းဖြည်းနဲ့

ငါ့ကို စွန့်ခွာပြေးထွက်ခဲ့ …

ဒီလိုနဲ့ပဲ …

ဘူတာရုံနဲ့ ငါနဲ့ တဖြည်းဖြည်းလွတ်လပ်စွာ

တစစီကွာဝေးခဲ့ …

ဒီလိုနဲ့ပဲ …

ကြယ်စင်နှိုးထမှုတွေကို အဖော်ပြုသူအဖြစ်

အထီးကျန်မှုတွေကို ကပိုကသီဝတ်ဆင်ခဲ့ …

 

ဒီလိုနဲ့ပဲ တနေ့ကျ …

ငါဟာ ရထားတစင်းဖြစ်မှန်း ငါ့ကိုယ်ငါ သိလိုက်ရတဲ့ အချိန်မှာ …

……………………………………………….

(၂)

“အို အဖ … အိုအဖ …

အဘယ်ကြောင့် ကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း …

ကျွန်ုပ်လဲနေသောအချိန် အဘယ်ကြောင့် မျက်နှာတော်ကို

ဝှက်ထားတော်မူသနည်း …”

 

ကျွနုပ်သည် နာကျင်ခြင်းမြစ်အစင်းပေါင်။များစွာကို

နေ့စဉ် အဟုန်လိုက် အစီးလိုက် ကူးခတ်နေရပါသည် …

 

ကျွန်ုပ်ဝန်များသည် ပခုံးများကို

နာကျင်တောင့်တင်းစေပါသည် …

………………………………..

ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါထံသို့ လာကြလော့

ငါသည် ချမ်းသာပေးမည် …” (ရှင်မသဲခရစ်ဝင်ကျမ်း ၁၁း၂၈)

 

တရားဟောချက်တွေကြောင့်လား …

တစုံတယောက်ရဲ့ စကားလုံးတွေကြောင့်လား …

မတော်တဆကြားမိတဲ့ နားသောတအာရုံကြောင့်လား …

အဲဒီ ကျမ်းပိုဒ် လေး ငါ့ဘ၀ထဲကို မတော်တဆပြုတ်ကျလာခဲ့တယ် …

…………………………………………

(၂)

နောက်ဆုံးတော့ ငါဟာ ရထားတစင်းသာ ဖြစ်ခဲ့တယ် …

ငါ့ကို သက်သာစေတဲ့ …

ဝန်ပေါ့စေတဲ့ ဘူတာရုံကြီးကို ငါမေ့လျော့နေခြင်းသာ ဖြစ်ခဲ့တယ် …

……………………………………….

(၃)

ငါဟာ …

ဘ၀တစင်းသာ ဖြစ်ခဲ့တယ် …

 

 

In: ကဗျာ Posted By: Date: Sep 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment