Professional Authors

အဒေါ် ကြီး ကန် တင်း က စောင့် နေ မယ်

အရင် တုန်း က……
ကျွန်တော် ရယ် ၊ ချစ် သူ ရယ်
ကန် တင်း ကလေး…ရယ်….
အတူ တူ ထိုင် ပြီး… စကား ပြော ရ ရင်
မိုး ပြို မှာ ကို…….. မကြောက် ခဲ့ ဘူး

ခု တော့……
ကျွန်တော် ရယ် ၊ကန်တင်း ကလေး ရယ် ….. က……
ချစ် သူ ကို … စောင့်………
အချိန် ကုန် မှာ လည်း မကြောက် ခဲ့ ဘူး……

ချစ် သူ လာ မယ့် လမ်း မှာ…….
မိုး များ ပြို နေ သလား………….?
မိုး များ ညို နေ မလား………?
အဆိုး များ ကြိုနေ သလား………….?

ချစ် သူ ရေ …… ကိုယ် က…………
သင် ရိုး ဖြူ ဖြူ ၊စိတ် ထား ဖြူ ဖြူ မှာ
အဖြူ အစိမ်း ၀တ် ကောင် မလေး တစ် ယောက် ရဲ့
စကား လုံးဖြူ ဖြူ တွေ…. အရောင် ပြောင်း
နက် မှောင် ရောင် ညို………
ကိုယ် အပေါ် အငြိုး နဲ့ များ ပြို လေ မလား….

ခု တော့………….ကိုယ် လေ………
တွေး ပြီး ရင်း တွေး………..
ဆွေး ပြီး ရင်း ဆွေး……….
မင်း လာ မယ့် လမ်း ကလေး ကလေး. ကို
ငေး ပြီး ရင်း ငေး……………။ ။
Demon13

In: ကဗျာ Posted By: Date: Dec 17, 2010
Comment #1

တော်2ညောင်းနေပြီးထင်တယ်။demon

commentinfo By: genius.jinx28 at Dec 17, 2010
Comment #2

.. မျှော်တော်ဇောနဲ့ မောနေပြီလားဗျာ….

Comment #3

လာမှာပေါ့ကွာ အလှပြင်နေလို့တဲ့။ 😀

commentinfo By: moezat at Dec 17, 2010
Comment #4

အားမနာတမ်းပြောရရင်………တစ်ပုဒ်လုံးကောင်းတယ်ဗျာ
များများရေးပါဗျ….အစ်ကိုDEMOM 13ရ……
အခုတလောအရးကျဲသွားသလိုပဲ…….:)

commentinfo By: moehtetaung18 at Dec 17, 2010
Comment #5

အင်း ရေ မလို့  ပဲ…. သိပ် မအား လို့.. ဒီ ကဗျာ တောင် ကျွန်တော့် ရဲ့ BED က ကောင် မလေး ကို သွား စောင့် ရင်း ရေး မိတာ.. ဟဟ..

commentinfo By: Demon 13 at Dec 19, 2010
Comment #6

nice poem,,

hote pa naw,,
saunt p hmaw nay dar tway chin lun loh,,
lone wa ma lar pe a u loak dot saunt nay de thu ka be lout kway kwe ya ma le?
lat tway khan phu dot kou chin sar par de,,3 khar htet ma ne bu,,
daw daw ko wan ne p ngo ke ya de,,
pyan tway mi tine kyauk de,,

Demon ,, BED ka kaung ma lay ko twar saunt tar lar?
eeeeeeeeeeeeeeeeeee

commentinfo By: ei lay at Feb 5, 2012
Comment #7

ဘီအီးဒီ ဟုတ်လား မြင်ယောင်ကြည့်လိုက်မိပါတယ်

commentinfo By: maypyo22889 at Nov 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment