Professional Authors

နေ့ ရက် များ

နေ့ ရက် များ
………………

တစ်နေ့တစ်ခြား
ကိုယ့်ကို ချစ်တဲ့ သူက နည်းလာပြီး
ကိုယ့်ကို မုန်းတဲ့ သူက
များ များ လာ…

ကိုယ့်ကံတရား ပြောပါတယ်

မိုး(၃၀) ကုန်ခဲ့ပြီ

တစ်ခါမှ
ကိုယ်နှစ်သက်တဲ့
လူတစ်ယောက်ရဲ့ စိတ်လိုလက်ရ ချစ်ခြင်းကို
မရရှိခဲ့

ကိုယ်မနှစ်သက်တဲ့
အရာတွေကတော့
ထုတ်သတ်လို့မကုန်အောင်
ကိုယ့်မှာတောင်လို ပုံလို့

ငြီးငွေ့တယ်

နံပါတ်(၁)
ကိုယ့်ကိုယ်ကိုလည်း
ငြီးငွေ့တယ်

နံပါတ်(၂)
ကိုယ့်နားက လူကိုလည်း
ငြီးငွေ့တယ်

နံပါတ်(၃)
ကိုယ့်အချစ်ကို တရစပ်ငြင်းတဲ့
ကိုယ့်ကောင်မလေးကိုလည်း ငြီးငွေ့တယ်ကွယ့်၊၊ ၊၊

In: ကဗျာ Posted By: Date: Jul 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment