Professional Authors

လွမ်းဒဏ်ရာ

စာရေးကာနေ
ငါ့အတွေးမှာ
သူ့အကြောင်းတွေပြည့်
တွေ့သမျှ သူ့ရိပ်ထင်
ငါ့ဘဝင် ခမ်းလေတော့
ဘယ်စာကို ဘယ်လိုစီအုံး
လွမ်းလို့မဆုံး

လွမ်းလွန်းလို့ ဖြေစရာ
ဖွေရှာသော် မတွေ့ပါဘူး
ဝေဒနာတော် တစ်ပွေ့ရယ်နဲ့
ကမ္ဘေသာ ခြားလေတော့
မင်း သိလှည့်အုံး

သက်ဆုံးတိုင် ရည်စူးတာမို့
ဘဝဂ်ဆုံးအောင် ဟစ်ချင်စမ်းတယ်
အမယ်မင်း
လွမ်းလှတယ်လေး

In: ကဗျာ Posted By: Date: Sep 14, 2013
Comment #1

so much touching

commentinfo By: ei lay at Sep 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment