Professional Authors

လွမ်းလိုက်တာ….

ချစ်တယ်..ဆိုတဲ့စကားကို
ရှက်စနိုးနဲ့ပြောတတ်တဲ့
ချစ်သူလေးကို လွမ်းလိုက်တာ…..
နေရာတကာ သ၀န်တိုပြီး
စိတ်ကောက်တတ်တဲ့
ချစ်သူလေးကို လွမ်းလိုက်တာ…..
နှစ်ယောက်ဆုံမိရင်
လူလစ်တိုင်း ခိုးခိုးနမ်းတဲ့
ချစ်သူလေးကို လွမ်းလိုက်တာ…….
ရင်ခွင်ထဲမှာ မှီနွဲ့ပြီး
ပုံပြောခိုင်းတတ်တဲ့
ချစ်သူလေးကို လွမ်းလိုက်တာ………..
ဖုန်းဆက်လို့မရတိုင်း
စိတ်ကောက်ပြီး အတွေ့မခံတဲ့
ချစ်သူလေးကို လွမ်းလိုက်တာ………

ပြန်လာခဲ့တော့….
လွမ်းလှပြီ…..
မင်းနှုတ်ဖျားက ချစ်တယ်ဆိုတဲ့စကားကို
ငါ့နှလုံးသားကတမ်းတပြီ…….
မင်းနှုတ်ခမ်းရဲ့ အနမ်းတွေကို
ငါ့နဖူးပြင်က လွမ်းလှပြီ…….
ဖြူစင်တဲ့အချစ်အကြောင်း ပုံပြင်လိုပြောပြဖို့
ငါ့နှုတ်ခမ်းပါးတွေက အသင့်ရှိပြီ…………
မင်း ဆက်လာမယ့် ဖုန်းသံကိုမျှော်လင့်ရင်း…
ငါ့နှလုံးသားက နိုးကြားပြီ…..
ပြန်လာပါတော့ချစ်သူရယ်
ငါ…ဒီမှာလွမ်းလှပြီ……..။               ။

In: ကဗျာ Posted By: Date: Nov 15, 2011
Comment #1

wow,,,mike de kwa.

lwan like tar,,,
be thu ko lwan tar le?
tay char pyaw,,,,
tay char pyaw,,,

commentinfo By: ei lay at Nov 15, 2011
Comment #2

ချစ်တယ်..ဆိုတဲ့စကားကို
ရှက်စနိုးနဲ့ပြောတတ်တဲ့
ချစ်သူလေးကို လွမ်းလိုက်တာ…..
နေရာတကာ သ၀န်တိုပြီး
စိတ်ကောက်တတ်တဲ့
ချစ်သူလေးကို လွမ်းလိုက်တာ…..
နှစ်ယောက်ဆုံမိရင်
လူလစ်တိုင်း ခိုးခိုးနမ်းတဲ့
ချစ်သူလေးကို လွမ်းလိုက်တာ…….
ရင်ခွင်ထဲမှာ မှီနွဲ့ပြီး
ပုံပြောခိုင်းတတ်တဲ့
ချစ်သူလေးကို လွမ်းလိုက်တာ………..
ဖုန်းဆက်လို့မရတိုင်း
စိတ်ကောက်ပြီး အတွေ့မခံတဲ့
ချစ်သူလေးကို လွမ်းလိုက်တာ………
🙂

Comment #3

lwan like tar,,
tay ya par dot me.

commentinfo By: ei lay at Nov 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment