Professional Authors

သောကြာမနက် ဘတ်စ်ကားကျပ်ခြင်း

ကျေနပ်စရာနတ္ထိ ကမ္ဘာမှာ
နေတတ်လာတာကို ကြည့်ရင်
အရေထူလာမှန်းသိပါတယ်။
စပယ်ယာအစ
မယ်ကမ္ဘာအဆုံး
အဟောက်ခံ၊ ထောက်ခံရတဲ့ခေတ်မှာ
သိက္ခာနဲ့ မာန
ဘယ်နားကျ ကျ ခဲ့မှန်းကို မသိ။
လောကမှာ ပျော်စရာဟာ
မှော်ပမာ “ဒေါ်လာ”တွေကလွဲ
ဘယ်ဒင်းတွေများ ရှိလို့လဲ။
ကြာတော့လည်း
လူဟာ …
ကိုယ့်ကိုကိုယ် မုန်းတတ်လာတယ်
ကိုယ့်ကိုကိုယ် ရှုံးတတ်လာတယ်
ကိုယ့်ကိုကိုယ် အဆုံးသတ်လာတယ်
ကိုယ့်ကိုကိုယ် …
…………..။
တကယ်တော့လည်း လောကမှာ
အပြစ်တင်စရာ
အပြစ်မြင်စရာ
(ကိုယ်တွေကလွဲ)
ဘယ်သူတွေ မြဲခဲ့လို့လဲ။ ။

LTN
(2013/09/06)

In: ကဗျာ Posted By: Date: Sep 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment