Professional Authors

အဆုံးသတ်

ပြီးဆုံးခဲ့ပြီ…
ငါက အရင်အစပျိုးသူဖြစ်ခဲ့ပါရက်နဲ့
သူအဆုံးသတ်လိုက်တဲ့အချိန်ကို
ဘာလို့ငါမသိလိုက်တာပါလဲ………..
ပြီးဆုံးခဲ့ပြီ…
နောက်ထပ်ပြန်မရနိုင်တော့တဲ့
ငါတို့ရဲ့အစပထမအချိန်လေးကို
ငါမေ့ဖို့ခက်နေပေမယ့်
သူမေ့ပစ်ရက်တာဘာကြောင့်ပါလဲ…
ပြီးဆုံးခဲ့ပြီ….
ငါက `ချစ်တယ်´ဆိုတဲ့စကားကို
သူနားလည်ဖို့ဖွင့်ဆိုနေစဲမှာ
`မချစ်ဘူး´ ဆိုတဲ့ သူ့ရဲ့စကားကို
ငါခက်ခက်ခဲခဲ သင်ယူလိုက်ရသတဲ့လား………..
ပြီးဆုံးခဲ့ပြီ….
သူ့အပေါ်ထားခဲ့မိတဲ့ ကရုဏာအတွက်
ငါ့အတ္တကိုစွန့်လွှတ်ပါတယ်..
သူ့အပေါ်ထားခဲ့မိတဲ့ ချစ်မေတ္တာအတွက်
ငါ့မာနကိုငါ စွန့်လွှတ်လိုက်ပါတယ်…
သူ့ရဲ့ ဆန္ဒတစ်ခုအတွက်
ငါသူ့ကိုထာဝရစွန့်လွှတ်လိုက်ပါတယ်..
ခုတော့ အားလုံးပြီးဆုံးသွားခဲ့ပြီ…
တကယ်ကိုပြီးဆုံးသွားခဲ့ပြီတဲ့လေ…………….။

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

hin…
unhappy ending so yin kyike bu.

commentinfo By: ei lay at Sep 1, 2011
Comment #2

အားပေး သွားပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment