Professional Authors

“ခြေရာဖျောက်ခံရတဲ့ လမ်းအိုလေး”

ကျိုးပျက်ရမယ့် မျှော်လင့်ချက်တွေ
ချိုးဖျက်ရမယ့် ရင်ခုန်ခြင်းတွေ
အသေသတ်ပစ်ရမယ့် ချစ်ခြင်းမေတ္တာတွေ
လွှင့်ပစ်သင့်တဲ့ ငယ်သံယောဇဉ်တွေ
ပြန်မရသင့်တော့တဲ့ လွမ်းမောခဲ့ချိန်တွေ
မနမ်းရှိုက်သင့်တော့တဲ့ တရုတ်စကားပန်းခြောက်လေး
ခိုးမကြည့်သင့်တော့တဲ့ ငယ်သူငယ်ချင်းမလေးရဲ့ခိုးကူးဓာတ်ပုံ
ပေါ့ပေါ့ပါးပါး မရယ်တတ်တော့တဲ့အကျင့်
သတိမရသင့်တော့တဲ့ အမှတ်တရဖြစ်ရပ်အချို့
လှမ်းမဆက်သင့်တော့တဲ့ သူမရဲ့ဖုန်းနံပါတ်
လှန်မကြည့်သင့်တော့တဲ့ ဒိုင်ယာရီအိုလေး
ရှာမတွေ့သင့်တဲ့ Facebook စာမျက်နှာ
အို….သူနဲ့ပတ်သက်မျှအရာအားလုံးကို
ငါ….ချစ်နေတယ်
မေ့ပစ်သင့်တဲ့….ကောင်မလေး
မချစ်သင့်တဲ့….ကောင်မလေး
မမုန်းရမယ့်….ကောင်မလေး
နင့်ကို….နင်လို့မခေါ်ရက်အောင်
ငါ…ချစ်နေတယ်
နင့်အချစ်ကို မရရင်နေ
နင့်ကိုချစ်မနေရရင်ကို…ငါသေမှာ
အချစ်စစ်စစ်ကို ဘုရားရှင်ထံ
လှူဒါန်းထားတယ်…။ ။

                              ဇင်သော့

In: ကဗျာ Posted By: Date: Sep 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment