Professional Authors

“သူနဲ့နင်”

သူနဲ့နင်
သူ့ကို
နင့်လောက် ငါမချစ်ဘူး
ဒါပေမယ့်
နင်ငါ့ကို ချစ်တယ်ဆိုတာထက်
သူ ငါ့ကို ပိုချစ်နေတယ်….။
 
သူက နင့်လောက် မကြင်နာတတ်ဘူး
ငါသဘောကျတဲ့ ကြင်နာခြင်းမျိုးတွေ
ငါ့အမိန့်နဲ့ သူ့ကို ပုံသွင်း
သူက ငါ့အတွက် ဖယောင်းရုပ်ဆိုလည်း ဟုတ်တယ်….။
 
သူက သစ္စာအကြောင်း နင့်လောက်စာမဖွဲ့ဘူး
ငါ့ကို ပေးသော သူ့ကတိအတိုင်း
ငါ့ရဲ့လက်ကိုပဲတွဲ
နင်ဟန်ဆောင်ကောင်းသော ပရိယာရ်ဆိုတာကို
သူ လုံးဝ ပယ်ရှားတယ်….။
 
ငါ ရင်ခုန်ပါစေ ရည်ရွယ်
သူက နင့်လို Sprit မလုပ်တတ်ဘူး
ငါ ပျော်ပါစေ ဆုတောင်း
ငါ အံ့သြလောက်တဲ့ ချစ်ခြင်းတွေနဲ့
သူ….ငါ့ရဲ့ဘေးမှာတော့ အမြဲရှိနေပေးခဲ့တယ်…။
 
သူနဲ့နင်
ငါ့အတွက်ဆို ယှဉ်လို့မရ
သီးခြားစီလည်း ဖြစ်တည်နေတယ်။
 
နင့်ကို ချစ်သောငါ
နှလုံးသားသီးသန့်
ချစ်ခြင်းကိုသာ ဦးစားပေး
တစ်ဘ၀လုံး စိတ်ချမ်းသာရဖို့
သူနဲ့ ပေါင်းဖတ်
ငါ အတ္တတချို့ အစာချကျွေးလိုက်မယ်…..
 
မဖြစ်သင့်ဘူးလို့
နင် ပဏာ ၀င်မယူနဲ့
ဒီလိုငါ ဆုံးဖြတ်တတ်စေဖို့
နင့်လုပ်ရပ်တချို့..စေခိုင်းခဲ့တယ်ဆိုတာ….
သူကိုယ်တိုင်ကလည်း သိနေခဲ့တယ်….။    ။
In: ကဗျာ Posted By: Date: Jun 15, 2011
Comment #1

ကိုရီးယား သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းထက်
သာလွန်ကောင်းမွန်သော…………..

commentinfo By: တာကော at Jun 15, 2011
Comment #2

ကောင်းပါတယ်ဗျာ

commentinfo By: Village chat kyi at Jun 15, 2011
Comment #3

မဖြစ်သင့်ဘူးလို့
နင် ပဏာ ၀င်မယူနဲ့
ဒီလိုငါ ဆုံးဖြတ်တတ်စေဖို့
နင့်လုပ်ရပ်တချို့..စေခိုင်းခဲ့တယ်ဆိုတာ….
သူကိုယ်တိုင်ကလည်း သိနေခဲ့တယ်….။ ။

Comment #4

ဟာ….အရမ်းကိုကောင်းတယ်ဗျာ…
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 16, 2011
Comment #5

ha,,ha,,
so fuuny,
playing other’s heart,belief,faith & love.
one day,,one day,,,,,,,,,,,,,
huh,,,,,perhaps good luck forever,
nothing can escape from the truth,

commentinfo By: ei lay at Feb 21, 2012
Comment #6

ကြိုက်တယ် …

commentinfo By: ငယ် at Jun 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment