Professional Authors

လက်ပတန်းတောင်အရေးတော်ပုံ (၂ )

ဘရုတ်ဗရက်နဲ့
သွေးပျက်ဖွယ်ခြောက်ခြားခဲ့ရ
ဒါ …………………………..
တန်ဆောင်မုန်းလပြည့်ညတဲ့လားကွယ် ။
အပြိုပြိုအလဲလဲ
ဖရိုဖရဲနဲ့ ဖြိုခွဲခံရခဲ့
ငါတို့ရဲ့ ……………….
ဒီမိုကရေစီသူရဲကောင်းများ
မီးလောင်ဗုံးတွေပိုက်လို့ပေါ့ ။

ပွင့်လင်းမြင်သာမှု့တွေနဲ့
တည်ဆောက်ထားခဲ့တဲ့
ယုံကြည်မှု့များ ………
ဒီတစ်ညထဲနဲ့
ပျက်စီးသွားခဲ့ရပေါ့ ၊

ငါတို့မျှော်လင့်တဲ့
ဒီမိုကရေစီဆိုတာ
ဒါမျိုးမဟုတ်ခဲ့ဘူးဆိုတာ
ကျိန်းသေလွန်းခဲ့ပါတယ် ။

ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့
တရားလွန်အင်းအားသုံးရက်နိုင်ခဲ့
ဒါ ……………………………….
သောင်းကျန်းသူမဟုတ်
အကြမ်းဖက်သူမဟုတ်
…………………………
…………………………
…………………………
မဟုတ်
မဟုတ်ခဲ့ပါကွယ် ။

အကြမ်းဖက်အင်အားသုံး
အလုံးအရင်းနဲချေမှုန်းခဲ့
ဒါ ………………………
ဘယ်သူအကျိုးစီးပွားအတွက်ပါလဲ
ဘာ့ကြောင့်
ဘာ့ကြောင့်
ဘာ့ကြောင့်
မေးခွန်းများစွာနဲရှုပ်ထွေးလွန်းခဲ့ရပေါ့ ။

“ မြန်မာဒီမိုကရေစီ
ဘာလဲ ၊ ဘယ်လဲ”
တစ်ခုထဲသောမေးခွန်း
ရင်ထဲမှာငြိစွန်းခဲ့ရ
အဖြေမသိချင်တာကတော
အခက်သားလားဗျာ ။         ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Nov 30, 2012
Comment #1

ကောင်းလိုက်တဲ့ နိုင်ငံရေးကဗျာ ဗျာ..

အားပေးလျက်
နိုးဆက် နေ့

commentinfo By: 13th at Nov 30, 2012
Comment #2

ဒီမိုကရေစီ ဒီမိုကရေစီ

commentinfo By: မေပျို at Dec 1, 2012
Comment #3

Nice

commentinfo By: ei lay at Dec 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment