Professional Authors

နင်သိပါစေ

တောက်ပခြင်းရဲ့သတ္တိတွေ
ဆန်းသစ်ခြင်းရဲ့နောက်ကြောင်းတွေ
ရိုးသားခြင်းရဲ့ပျော့ကွက်တွေ
ကောက်ကျစ်ခြင်းရဲ့အောင်ပွဲတွေ
ကောင်းကင်ရောင်ဖျော့ဖျော့အောက်မှာ
ငါ အလင်းငတ်နေလေရဲ့…..
ပြီးစေချင်တယ် မေ့ပစ်ချင်တယ်
အတိတ်ကငါ့ရဲ့အမှန်တရားကို
ယုံကြည်မှုကိုလှည့်ဖြား
အသည်းစားခဲ့သူ…..
ရှေ့ဆက် လိုအပ်ရင်တောင်
ငါ မျက်ရည်မကျတော့ဘူး
လွမ်းတဲ့အခါ နှလုံးးသားပဲလိုတယ်
တိတ်ဆိတ်တဲ့ငါ့ရဲ့အနာဂတ်
ငါတစ်ယောက်တည်းလျှောက်လှမ်းမယ်
မှတ်ကျောက်တင်ခံထားရတဲ့ နှလုံးသားနဲ့ပေါ့။ ။

In: ကဗျာ Posted By: Date: Aug 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment