Professional Authors

“ မ ” အတွက် “ သစ္စာ ”

ပြန်ဆုံနိုင်မယ့် အတွေးတစ
အတူနေချိန်ကို သတိရ
ထင်ကျန်နေတဲ့ အတိတ်က
လက်ရှိအချိန်ကို လမ်းပြ
သာယာမယ့် အနာဂါတ်ဘဝ
မောင်တို့နှစ်ယောက် တည်ဆောက်ကြရအောင် …

ဝေဒနာက အထပ်ထပ်
လွမ်းခဲ့ရ နေ့ညမပျက်
မျှော်လင့်တဲ့ နှလုံးသားနဲ့
ပြန်ဆုံမယ့်နေ့ ညတွေကို
ရေတွက်နေခဲ့တဲ့ မောင့်အတွက်
“လွမ်းတယ်” ဆိုတဲ့စကားလေးက
နှစ်သိမ့်စရာများ ဖြစ်နေမလား …

ယုံကြည်မှုကို တည်ဆောက်
သံသယကို ဖြေဖျောက်လို့
မောင်တို့နှစ်ယောက် လက်ကိုတွဲ
ဖြူစင်တဲ့ မေတ္တာနဲ့ ပြန်ဆုံဖို့နေ့များဝယ်
သစ္စာရှိရှိ လျှောက်လှမ်းမယ် …
(ဇင်မင်း)

In: ကဗျာ Posted By: Date: May 28, 2010
Comment #1

ကို ပေးဆပ်သူအတွက်… ကျနော် ကဗျာတစ်ပုဒ်ပေးခဲ့မယ်နော်

http://www.minahnarmhar.com/2009/10/blog-post_12.html#comments

ပျော်ရွင်ပါစေ…

မင်းကိုချစ်တဲ့သူ

Comment #2

http://www.minahnarmhar.com/2009/10/blog-post_12.html#comments

အော်…..ဒီကဗျာလေး ဖတ်ဖူးပါတယ် ထင်တာ… ကိုဂျေးကဗျာလေးြုဖစ်နေတာကိုး…း)
ခုတော့ ဒီလိုပြန်ဖတ်ခွင့်ရတယ်ဆိုတော့ ၀မ်းသာပါဧ.။် ပြန်ဖတ်ခွင့်ရတာပေါ့။ ကျေးဇူးပါ……

commentinfo By: Dream at May 30, 2010
Comment #3

ဘာရယ်လို့မဟုတ်ပါဘူး ခံစားချက်တူလို့ နည်းနည်း ပြင်ရေးလိုက်တာပါ …

commentinfo By: paysatthu at Jun 6, 2010
Comment #4

ma a twat thit sar so loh sate win sar twar tar par.
nice.

commentinfo By: ei lay at Sep 2, 2011
Comment #5

တူတူပဲကိုဇင်မင်းရ..
မ အတွက်ဆိုတော့လေ
ကိုဇင်မင်းရဲ့ “မ”ဆိုတာလည်း သစ္စာရှိစွာနဲ့လျှောက်လှမ်းနိုင်ပါစေ..ဗျာ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 23, 2011
Comment #6

ယုံကြည်မှုကို တည်ဆောက်
သံသယကို ဖြေဖျောက်လို့
မောင်တို့နှစ်ယောက် လက်ကိုတွဲ
ဖြူစင်တဲ့ မေတ္တာနဲ့ ပြန်ဆုံဖို့နေ့များဝယ်
သစ္စာရှိရှိ လျှောက်လှမ်းမယ်

commentinfo By: ကျော်ထွဋ်လွင် at Jan 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment