Professional Authors

သို့……………………………..

တစ်ဘ၀စာတပွင့်ပဲဖူးခဲ့ပေမယ့်

 တယောက်ထဲကိုပဲရည်စူးပါရစေ…… ..။

 ဟိုတနေ့က သူငယ်ချင်းတယောက်နဲ့…..လမ်းမှာဆုံတော့မေးတယ်။

 \”မင်းတို့နာကျည်းစရာတွေနဲ့လမ်းခွဲခဲ့ပြီးပြီမဟုတ်လားမုန်းလိုက် စမ်းပါကွာ\”တဲ့

ဟင့်အင်း…….ငါ့ရဲ့ အချစ်ဆိုတဲ့စကားလုံးမှာ အစကတည်းက အမုန်းဆိုတာပါမလာခဲ့ဘူးသူငယ်ချင်းရယ်။

နီးခြင်း၊ဝေးခြင်းတွေကြားမှာပဲနှစ်ရှည်လများရေလောင်းပေါင်းသင်

ငါ့ရဲ့ အချစ်သစ်ပင်လေး တစတစကြီးထွားလို့ကောင်းတုန်းပါပဲ။

မုသားတွေမပါ…..မာယာတွေမလိုပဲ ငါ့ရဲ့အချစ်သစ်ပင်အိုလေးက….စကားထပြောတယ်

\”ငါသူ့ကိုသိပ်ချစ်တာပဲကွာ\” တဲ့။

ငါ့ဘ၀ရဲ့စာမျက်နှာသစ်တွေ ဘယ်လိုပြောင်းပြောင်း

ငါ့ရဲ့မာတိကာ အဟောင်းလေးလောက်

ငါ့အပေါ် ဘယ်သူမှ မကောင်းနိုင်ကြပါဘူးကွာ။

 

ဗီဇ

In: ကဗျာ Posted By: Date: Nov 9, 2012
Comment #1

I wanna fly with those.

commentinfo By: alankwartarmain at Nov 9, 2012
Comment #2

မာတိကာအဟောင်းကို ပဲ လွမ်းနေတာလား ဟင်

commentinfo By: Star Flower at Nov 15, 2012
Comment #3

So cute.

commentinfo By: ei lay at Nov 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment