Professional Authors

မင်းသမီးက မင်း ဇာတ်ပို့က ငါ…..

ရုပ်ရှင်ဆိုပေမယ့် ရင်မရှုပ်စေချင်ဘူး
ငါတို့အဖြစ်တွေကို
ဇာတ်ညွှန်းရေး….
ဇာတ်လမ်းတစ်ပုဒ်ရိုက်ကြစို့
စကတည်းက ရှုံးခဲ့တာ
ခါးသီးတဲ့အမုန်းတွေက
ငါနဲ့မိတ်ဆွေတောင်ဖြစ်နေပြီ…..
မင်းသမီးက မင်း…..
ဇာတ်ပို့က… ငါ…
မင်းအကောင်းဆုံး သရုပ်ဆောင်နိုင်အောင်
ငါ…အဓိကပံ့ပိုးမယ်
ငါ့အဖော်အပေါင်းတွေက
မျှော်လင့်ခြင်းနဲ့ နာကြင်ခြင်း……
လူကြမ်းဆိုတာမပါလာလည်း
ငါဆိုတာမင်းကိုကာကွယ်ဖို့အသင့်
မင်း ဆု ရဖို့
လိုအပ်ရင် ဗီလိန်လဲလုပ်ပေးဖို့ဝန်မလေးဘူး…
ကျားပေါက်ပြောသလိုပဲ
ဒီဇာတ်လမ်းကလဲ နှစ်ကဒ်တည်းပါတဲ့ရုပ်ရှင်…
အစမှာ နာကြင်ရပြီး…
ဇာတ်သိမ်းမှာ…. ငါအသည်းကွဲမယ်
တစ်ကားလုံးမှာတော့
ဒဏ်ရာတွေချည်းပဲ…
ကဲ…..တော်ပြီ
ဒီဇာတ်လမ်းတစ်ခန်းရပ်မယ်….
ဇာတ်သိမ်းခန်းမလှပရင်တောင်
နောက်ဆက်တွဲဆိုတာမလိုချင်ဘူး…..
ဇာတ်ညွှန်းတွေဘယ်လိုပြောင်းပြောင်း
မဟောင်းတဲ့အချစ်တွေနဲ့
ရူးသွပ်ခဲ့ရတဲ့…
လူ အ တစ်ယောက်အဖြစ်ပဲ
ငါ… သရုပ်ဆောင်ချင်တယ်…..
သရုပ်ဆောင်ကောင်းလွန်းတဲ့မင်း
ဒီဇာတ်လမ်းမှာ…..
အကယ်ဒမီရမှာပါ……..။                  ။

In: ကဗျာ Posted By: Date: Aug 19, 2011
Comment #1

nice poem.

but,,,for me,,
i m sure that ur film might not good.
i dislike that kind of one-sided pain.

commentinfo By: ei lay at Aug 19, 2011
Comment #2

သရုပ်ဆောင်ကောင်းလွန်းတဲ့မင်း
ဒီဇာတ်လမ်းမှာ….
အကယ်ဒမီရမှာပါ…….. ။ စာသားတကယ်ထိမိတယ်ဗျာ အားပေးသွားတယ်ဗျို့ ။

commentinfo By: X - ray at Aug 20, 2011
Comment #3

အားပေးသွားတယ်..ကိုလွမ်းနောင်

commentinfo By: အသဲကွဲမိုး at Aug 20, 2011
Comment #4

ကောင်းပါတယ်ဗျာ တော်တော်လေးကိုကောင်းတယ် ………

commentinfo By: arkarsoe at Aug 20, 2011
Comment #5

သရုပ်ဆောင်ကောင်းလွန်းတဲ့မင်း
ဒီဇာတ်လမ်းမှာ…..
အကယ်ဒမီရမှာပါ……..။
ကောင်းလိုက်တဲ့စာသားလေးးးသေချာပါတယ်ကိုလွမ်းနောင်…
သူ…အကယ်ဒမီရမှာပါ။

commentinfo By: poem.poem28 at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment