Professional Authors

၅၂၈ ဥယျာဉ်

” ၅၂၈ ဥယျာဉ် “

 

သူမ လျှာခလုတ်တိုက်လို့ တနင်္ဂနွေနံလေး ပြုတ်ကျသွားတဲ့ မနက်ခင်းလေးကို လွမ်းတယ်

အရုဏ်ဦးမှာ အမှောင်ပါးပါး ခြုံထားတဲ့ ပန်းပွင့်လေး နေခြည်ဖြန်းတောက်လိုက်သလို

လင်း …… ချင်း ….. ဝင်း …. ပ ….. ပွင့် ……. လန်း

အဲဒီ ခပ်ရှရှ နှုတ်ခမ်းပါးလေးတွေရဲ့ ရန်တွေ့သံတစ်ချက်တောင် ငါ တမ်းတခွင့် မရခဲ့ဘူး

 

သူမကတော့ ကိုယ့်အင်္ကျီစလေးကို လက်ညှိုးလက်မနဲ့ ညှပ်ပြီး နူးနူးညံ့ညံ့ ကယ်တင်လိုက်တာပါပဲ

ကိုယ့်မှာသာ ကိုယ့်အသက်တစ်ခုလုံး သူ့ကို အပ်နှင်းလိုက်ရတာ လူမသိ သူမသိ

တခါတခါ ကိုယ်က သူ့ထက် အကြီးဖြစ်ရတာ ဗလာမပါတဲ့ ကံစမ်းမဲ လက်မှတ်

ဆိုးနွဲ့မှုဟာ အနိုင်ကျင့်ခြင်းနဲ့ အတူတွဲလာတော့လည်း ကိုယ် ကြိုဆိုခဲ့ဖူးပါရဲ့

 

ပလတ်စတစ်ဗူးလေးတွေကို စာကြည့်စားပွဲပေါ်တင်ပြီး လွမ်းခဲ့ဖူးတယ် သူမရယ်

မောင်နှမသံယောဇဉ်ဟာ သူမနဲ့ အတူစားခဲ့ရတဲ့ ပင်လယ်စာတွေထဲ ပြုတ်ကျ ငံတူးခဲ့ဖူး

ထီးတစ်လက် .. ရေခဲမုန့် … လျှောက်ခဲ့ဖူးတဲ့ လမ်းက ခြေရာတွေ I’m yours သံစဉ်နဲ့ လေလံရှုံး

အို တမန်တော်တို့ … အချစ်ဆိုတဲ့ … တဲစုတ်လေးမှာ ပလက်ဖောင်းကို လမ်းဖြတ်မလျှောက်စေသင့်

 

၂.၉.၂၀၁၂ ရဲ့ ရီဝေဝေ ၆ နာရီခွဲဟာ အဝါရောင်တွေ ခပ်ရိုင်းရိုင်း ကျဲချသွားတယ်

ကျောသပ်နှစ်သိမ့်သွားတဲ့ မျက်ရည်တွေကြား စစ်တုရင်ခုံကို ဆွဲလှန်မှောက်ဖျက်

နှာခေါင်းသွေးမထွက်တဲ့ အပျက်တွေနဲ့ စုံတွဲမှတ်တမ်းလေးကို ကြေကြေကွဲကွဲ ငေးရတာပါပဲ

ကျွဲခတ်တာထက် … အသည်းပျက်တာ ပိုနာတတ်တယ် …ဥပေက္ခာ အပျိုမရယ်

လက်ကျန်ဆေးစက်နဲ့ … ကြိုးတစ်ချောင်း သုံးလွန်းတင်ဖို့ … ၅၂၈ ကို မဇ္ဇိမ ပို့ထားရတယ်

တခါတခါ သံယောဇဉ်ကို စိုက်ပျိုးရတာ ထင်သလောက် မလွယ်ဘူးကွဲ့

 

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jul 29, 2013
Comment #1

တကယ်လှတဲ့ကဗျာလေးတစ်ပုဒ်ပါပဲ။
ထာဝရ အားပေးလျက်ပါ

commentinfo By: မုတ်သုန် at Jul 29, 2013
Comment #2

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မုတ်သုန် ခင်ဗျားးးးးးးးးး …….

commentinfo By: chiron at Jul 29, 2013
Comment #3

နှစ်သက်စွာ ထပ်မံဖတ်ရှုခဲ့ပါတယ်ခင်ဗျာ

commentinfo By: သစ်ခက် at Jul 29, 2013
Comment #4

ဟုတ်ပ……….

commentinfo By: May Kha at Jul 29, 2013
Comment #5

ညီလေး သစ်ခက်နဲ့ မေခ ကိုလည်း ကျေးဇူးများစွာ တင်ရှိပါကြောင်းးးးးး

commentinfo By: chiron at Jul 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment