Professional Authors

ကျွန်တော့် ကြယ်မလေး

 

 

ကြယ်တွေအား တစ်ပွေ့တစ်ပိုက် ဖက်ထားသော ကောင်မလေးအား

ဒီညမော်ဖူးခွင့်ပြုပါ

ကျွန်တော့်ကိုယ်ပိုင်ကောင်းကင်ထဲ အဲဒီ့ ကြယ်ရောင်တွေဖြန့်ကျက်

တေးသီဆိုညည်း ဂစ်တာအိုကြီးတီးချင်လို့

 

နတ်ဆိုးတွေ အိပ်နေပါ

ကလေးလေးတွေ တိတ်ပါကွယ်

ခွေးကလေးတွေ မဟောင်ပါနဲ့

လေပြင်းရယ် မတိုက်ခတ်လိုက်ပါနဲ့

ပုစဉ်းရင်ကွဲလေးတွေရယ် ဒီညတော့ မအော်ပါနဲ့တော့

အိပ်ပျော်နေတဲ့သူမ

ဘယ်လိုအသံမျိုးတွေမှ မနိုးထစေချင်လို့

ကျွန်တော့်ရင်ငွေ့တွေတောင် အနွေးဆုံးတင်ထားတယ်

ကြယ်မလေးရေ အိပ် အိပ်

 

ကြက်ခြေခတ်X

၅နာရီ ၄၆မိနစ် စနေနေ့

နှစ်ဆယ့်ခုနှစ်ရက် ခုနှစ်လပိုင်း နှစ်ထောင့်တစ်ဆယ့်သုံး

 

In: ကဗျာ Posted By: Date: Jul 28, 2013
Comment #1

So lovely

commentinfo By: ei lay at Jul 28, 2013
Comment #2

cute poem 🙂

commentinfo By: loafer at Jul 29, 2013
Comment #3

အားပေးသွားပါတယ်

commentinfo By: May Kha at Jul 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment