Professional Authors

မတန်လိုက်လေ. . .

အိပ် ရာ က နိုး တိုင်း
သူ့ ကို သ တိ ရ မိ လို့
ferry လွတ် ပေါင်း လည်း များ ပြီ ။

ကျောင်း သွား ခါ နီး
သူ အ ကြောင်း တွေး ရင်း ငိုက် လို့
မ နက် စာ ငတ် ပေါင်း လည်း များ ပြီ ။

သူ့ ကို မြင် တိုင်း
ရှက် ပြေး ပြေး မိ လို့
စာ သင် ခန်း ရှေ့ က
အုတ် နံ ရံ ကြီး လည်း
ခဏ ခဏ ဝင် အောင်း ဖူး ပြီ ။

သူ့ အ ပြုံး တိုင်း
မှတ် တမ်း တင် မိ လို့
ကျွန် တော့ ဖုန်း လည်း
ရုံး ခန်း ကို မှတ် မိ နေ ပြီ ။

သူ ကျောင်း ပျက် တိုင်း
မျှော် နေ မိ လို့
ကျွန် တော့ ခေါင်း လည်း
ကျောင်း နား လယ် ကွင်း က
ထန်း ပင် တွေ ထက် ချိတ် တော့ မည် ။

သူ နဲ့ စ ကား ပြော တိုင်း
အ မူ အ ရာ ပို မိ လို့
ကျောင်း ဆောင် သစ် ဆောက် ဖို့
အုတ် နီ ခဲ တွေ လည်း
တစ် လုံး ပြီး တစ် လုံး
ဝင် ကျုံး ဖူး ပြီ ။

ကျွန် တော် က တော့
သူ့ ကိုယ် ပေါ် က
ချွေး လေး တစ် စက် တောင်
ရွှေ ကော် ဇော ပေါ် ကျ စေ ချင် သူ  .   .
သူ က တော့
နှပ် တစ် ညှစ် စာ တောင်
ကျွန် တော့ ကို လှည့် မ ကြည့် သူ .   .။
                                                    Ray

18th October,2011.
07:15 am

In: ကဗျာ Posted By: Date: Oct 19, 2011
Comment #1

ကျွန် တော် က တော့
သူ့ ကိုယ် ပေါ် က
ချွေး လေး တစ် စက် တောင်
ရွှေ ကော် ဇော ပေါ် ကျ စေ ချင် သူ . .
သူ က တော့
နှပ် တစ် ညှစ် စာ တောင်
ကျွန် တော့ ကို လှည့် မ ကြည့် သူ . .။
စာသား က အရမ်းထိတယ်ဗျာ

Comment #2

မိုက်တယ်ဗျာ ….
တော်တော်ကောင်းပါတယ် ……..

commentinfo By: arkar at Oct 20, 2011
Comment #3

အားပေးသွားတဲ့ ကိုလုလင်ငယ်သွေး နဲ့ ကိုအာကာတို့ကို ကျေးဇူးအများကြီးတင်ပါတယ် ။ ကျွန်တော့ကဗျာလေး အားပေးသူ ၊ အားမပေးသူအပေါင်း စက္ကန့်တံလည်နေသရွေ့ ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပါစေ ။

commentinfo By: X - ray at Oct 21, 2011
Comment #4

he,,he,,
nge nge tone ka pop.

commentinfo By: ei lay at Oct 25, 2011
Comment #5

hle ma kyi par bu…
sate ma htane naing pe ta khu khu loak mi twar laint me..
he,,he,,

commentinfo By: ei lay at Nov 11, 2011
Comment #6

ိdouble အားပေးသွားတဲ့ မအိလေး ကျေးဇူးပါဗျာ ။

commentinfo By: X - ray at Nov 11, 2011
Comment #7

တစ်ရှုးအထုတ်လိုက်လာပေးရင်..နှပ်ညှစ်ရင်းနဲ့လှည့်ကြည့်မယ်တဲ့ ဟဟ

commentinfo By: ဆည်းဆာ at Nov 21, 2011
Comment #8

he,,he,,,
r…..
e lo g dot ma kyi chin par bu,,see sar yar
ma hla bu so p htar ke hmar soe loh.

commentinfo By: ei lay at Nov 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment