Professional Authors

မေမေ့ရင်တွင်း ကြေငြာစာတမ်း – နရီထက်

ပန်းပျိုးတဲ့လက်နဲ့

အနားမှာ ကြယ်ကလေးတွေခုန်စေချင်တော့
ဘ၀ကို လှပချင်သလား … မေမေ
အနာတရနဲ့ ခါးလွန်းတဲ့အခါ
ချုပ်ရာတွေကို
ရွှေအပ်နဲ့ တွဲချည်ချင်တာ
သားသိတယ် … မေမေ
အနိုင်မှာ အရှုံးမရှိ
အရှုံးတွေ ခံစားရတဲ့အခါ
ဆက်လက်လမ်းပြ အလင်းပေးပါလား
မေမေရယ်
မသူတော်နဲ့ ကျင်လည်ရတဲ့
တစ်ခဏတာ
ရက်စက်ခြင်းကို မစေသုံး
ဘ၀ကို ပြုံးပြုံးကြီး
ရောင်ပြန်ဟပ်ခိုင်းနေတာလား
…. မေမေရယ်
အားနဲ့ဓါး
မမျှတဲ့အခါ
လေဟာနယ်ကို
မေမေက အပြစ်မတင်ခိုင်းပါဘူး
ရိုးသားမှုကို
မေမေက ကျွန်လို့ မခေါ်ခိုင်းဘူး
ဖြူစင်မှုကို
အစေအပါးလို့လည်း
မေမေက မသတ်မှတ်ဘူး
ဘုရားသခင်က
ငါ့သားကို …
လက်ဆောင်တွေ ပေးပါလိမ့်တယ်
ဘ၀မှာ အစားတွေ ပြန်မရခဲ့ရင်ပေါ့..။   
နရီထက်
(၂၆ ၊ ဇန်န၀ါရီလ ၊ ၂၀၁၃ )
In: ကဗျာ Posted By: Date: Jul 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment