Professional Authors

ကြယ်စုတ်လေးရဲ့ …. ဆုတောင်း

ကြယ်စုတ်လေးရဲ့ …. ဆုတောင်း

 

အလယ်ကလူ စကားဝဲ၏ … တဲ့

မေမေရယ်  …….

ကျွန်တော် စကားမဝဲ

သွေးမကျဲခဲ့ရိုး အမှန်ပါ

အလယ်လူ အလတ်ဘဝ

အကြီး အထွေးလို မပြည့်ဝ

ငတ်ခဲ့ရတဲ့ လရောင်တချို့မှာ

အလပ်ဘဝနဲ့ နေသားကျခဲ့ပါတယ်

မေမေ …

ကျွန်တော့်ကို ချစ်ပါ မေမေရယ်

ဒီကောင် ရွဲ့မိတာ ချစ်လို့ပါ

ဒီကောင် ပေမိတာ ဂရုစိုက်စေချင်လို့ပါ

ဒီကောင့် ပါးပေါ်က မျက်ရည်စက်

မေမေ့လက်နဲ့ သုတ်ဖယ်ထွေးပွေ့ပေးပါ

မေမေ …

ကျွန်တော့်ဘဝရဲ့ အေးမြလမင်း

ဒီကြယ်လေးရဲ့ အလင်းကို လက်ခံပါ

မြတ်နိုးမှုနဲ့ ဆက်သရိုကျိုး

မေမေ့ခြေဖမိုးထက်က ကြယ်စုတ်

မေမေ့မေတ္တာနဲ့ အသစ်ပြန်ယက်လုပ်

မကြွေခင် ရင်အုပ်မကွာ နွေးမြပေးပါ မေမေ ….

မေမေ့ကို ကျွန်တော် သိပ်ချစ်တယ် ။

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Apr 18, 2012
Comment #1

:'(
မျက်ရည်ဝဲသွားတယ်ဆရာ….ခင်ဗျားတကယ်တော်တယ်

commentinfo By: အသဲကွဲမိုး at Apr 18, 2012
Comment #2

ချစ်စရာ ကဗျာလေးပါလား …

commentinfo By: Nge at Apr 20, 2012
Comment #3

ကဗျာလေးကခံစားမှု့ ရသလေး
တခုတော့ပေးလိုက်တယ်…..လာဖတ်သွားပြီနော်

commentinfo By:ံ့မြူ ခိုး တိမ် at Aug 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment