Professional Authors

အရှုံး – နရီထက်

ငါ သတိရနေတဲ့အခါ

မင်း မေ့နေရောရင်

ငါ အတွက် အရှုံးပါ

ငါ ဖို့ သံယောဇဉ်ဆိုတာ

ချည်တတ်နေပြီး

ဖြေတတ်နေပြီး

မပီပြင်တဲ့ မိုးသားအောက်မှာ

လွင့်စင်ထွက်လာတဲ့

အသုံးချမှုတွေက

မေတ္တာဓါတ်ပျိုးခန်းမှ

မဟုတ်တာ…

မိုးခါးရေတွေ

ရွာသွန်းဖြိုးနေတဲ့အခါ

ငါ ပြတင်းပေါက်တံခါးကို

ပိတ်ပစ်ပြီးပြီး.

အလှည့်ဆိုတာ

ငါတို့ရဲ့ သခင်

ကလဲ့ဆိုတာ

စိတ်အဆာတစ်ခုဖြစ်နေပြီး

အဆိပ်ပင်ကို

ရေမလောင်းတတ်တဲ့

ငါ့အဖို့..

အရိပ်တွေ မရှားလောက်ဘူး။    
နရီထက်
၂၇ မေလ ၂၀၁၃
In: ကဗျာ Posted By: Date: Jul 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment