Professional Authors

ဟန်နီ

ဟန်နီ

ဟန်နီ
နားမလည်ခြင်းပြည့် သိပ်လို
ငါရင်တွေမွန်းကျပ်နေတယ်……။

ဟန်နီ
ငါရင်မှာ
နင်စီက…နှုတ်ဆက်စကားတွေနဲ့
ငါအာရုံမိုးသောက်ကို
ဖြတ်သန်းချင်တာ
ငါ့မျှော်လင့်မိတာပေါ့
တောင်းတမိတာပေါ့…..ဟန်နီ
ဒ့ါပေမဲ့ဟာ
ငါဆိုတာ
နင်ဖတ်နေကျ
စာအုပ်တစ်အုပ်လောက်တောင်
ဖက်တွယ်ခြင်းမရှိတာ
နင်သုံးနေကျ
ရှဲဒိုးတွေလောက်
နင်ကိုတောက်ပခြင်းမရှိစေတာကို
တကယ်ဆို
ငါဟာလဲ
နင်အတွက်ပေးဆပ်ခြင်းတွေ
ရှိမှ………………………………
ရှင်သန်ခွင့်ရှိတာ
ငါမသိလိုက်မိဘူး
နင်ချစ်တယ်ဆိုတဲ့
စကားတွေကြားမှာ
ငါ့ဟာ…
မီးမကြောက်တဲ့
ပိုးဖလံလို
တရှိုက်မက်မက်ကို
ညှိတွယ်မိတာကို……။

ဒီမှာ……ဟန်နီ
နင်မြင်ရဲ့လား
နင့်ပစ်ပြယ်ထားတဲ့
ငါ့ဟာ
ဝင်သက်ထွက်သက်တိုင်မှာ
နင်ရနံတွေ…ဖုံးလွှမ်းလို
အာရုံမှာ..နင်ပုံရိပ်တွေစိုးမိုး
ငါ့နှလုံးမိုးတွေ..ရွာသွန်းနေတာ…မြင်ရဲ့လာ….ဟန်နီ…။

ဟန်နီ
နင်အသိတွေမှာ
ငါဆိုတာမရှိပေမဲ့
ငါ့ဘဝ..ငါခန္ဓာမှာ
နင့်စိတ်..နင့်အမိန့် တွေနဲ့
လှည့်ပတ်စီးဆင်းနေကျတာ……။

ဟန်နီ
အသားနာတာ..
ငါခံစားလိုတတ်ပေမဲ့
ငါ့နှလုံးသားကနာကျင်တာတော့
ဘယ်လို……ပညာ
ဘယ်လိုထုံထိုင်းခြင်း….ဆေးဝါးတွေနဲ့ 
ကုစားရမှာလဲ…………..ဟန်နီ……။

ဟန်နီ…
ဆေးဝါးတွေ.တရှိက်မက်မက်
စွဲလန်းညှိတွယ်နေတဲ့
လူသားတွေကို
ဆေးသမားလို..ခေါ်ဆိုခဲ့ရင်
နင့်ဆိုတဲ့
ဆန့် ကျင်ဘက်နာမ်စား
စွဲလန်းနေတဲ့…..
ငါကို………………..
ဘယ်လိုအမည်တွင်မှာလဲ……………….။

ဟန်နီ
ငါ့ရှုးသွပ်နေပြီထင်တယ်….
င့ါနှလုံးသားတစ်ချက်ခုန်လိုက်တိုင်း
နင့်နာမည်ကိုရေရွတ်လို……….
ငါ့သွေးသားထဲက
နင့်ကို…..
ဆာလောင်မွတ်သိပ်နေကျကုန်ပြီး………။

ဟန်နီ
မနေကထက်ပိုတဲ့
အလွမ်းတွေနဲ့
နင့်ကို………..
ငါ့လွမ်းနေတာ……နင်သိရဲ့လား…………….။

ဟန်နီ
ငါပြောမယ်ဟာ
ငါ……………
နင်ကိုချစ်တယ်………………………..။

တပေါင်း(OK)

In: ကဗျာ Posted By: Date: Jul 25, 2013
Comment #1

Woeeee
i love u,honey.

commentinfo By: ei lay at Jul 27, 2013
Comment #2

ဟန်နီ

commentinfo By: Blueskymoe at Jul 27, 2013
Comment #3

ဟန်နီ
အသားနာတာ..
ငါခံစားလိုတတ်ပေမဲ့
ငါ့နှလုံးသားကနာကျင်တာတော့
ဘယ်လို……ပညာ
ဘယ်လိုထုံထိုင်းခြင်း….ဆေးဝါးတွေနဲ့ 
ကုစားရမှာလဲ…………..ဟန်နီ……။

commentinfo By: nge at Jul 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment