Professional Authors

ခါးသက်သက်အမုန်းနဲ့ ချိုမြမြအလွမ်းတွေကို ဆက်လက်စားသုံးခွင့်ပြုပါ….ဟန်နီ

 

ခါးသက်သက်အမုန်းနဲ့ ချိုမြမြအလွမ်းတွေကို ဆက်လက်စားသုံးခွင့်ပြုပါ….ဟန်နီ

 

ခါးသက်သက်အမုန်း

အချစ်ကချိုမြိန်တဲ့

သစ်သီးလားဆိုတာငါမသိခဲ့ပေမဲ့

အမုန်းတစ်ခုကတော့ အပြုံးတုရဲ့အောက်မှာ

ဒုတိယံမိ ထပ်မံကျဆုံးသွားခဲ့ပြန်ပြီ….

အမုန်းကို အခါခါအသက်သွင်းရင်း

အနာဂတ်ကို စစ်တိုက်ထွက်ခဲ့တဲ့ငါက

အမုန်းမရှိရင် အရှုံးဆိုတာငါ့အတွက်လို့

ကြေငြာမောင်းခတ်ထားမှတော့

ဒို့တွေမီးကုန်ယမ်းကုန် မုန်းးးးလိုက်ကြတာပေါ့

 

ငါဆိုတဲ့သူက နင့်ကိုစိတ်ရှိလက်ရှိ

မေ့ ပြစ် လို့ မှ မ ရ သေး တာ..။

 

ချိုမြမြအလွမ်း

အချစ်ကချိုမြိန်တဲ့

သစ်သီးလားဆိုတာငါမသိခဲ့ပေမဲ့

အမုန်းတွေခြုံခိုတိုက်ခိုက်ခံရတဲ့နေ့ကစ

ချိုမြိန်တဲ့ အလွမ်းသစ်သီးတစ်လုံး

နင်လက်ဆောင်ပေးခဲ့တဲ့နောက်

နင်နှင်းအပ်ခဲ့တဲ့ မီးတောက်ကို

ဆုတော် လာဒ်တော် အဖြစ်နဲ့

ချိုမြိန်စွာသုံးဆောင်နေပါတယ် ချစ်သူ

 

ငါဆိုတဲ့သူက နင့်ကိုမှမလွမ်းရရင်

ကိုယ့် အိပ် မက် တောင် ကိုယ် စိတ် တိုင်း ကျ

မ ဖန် တီး နိုင် တော့ လို့ ပါ..။

 

ဆက်လက်စားသုံးခွင့်ပြုပါ….ဟန်နီ

အချစ်ကချိုမြိန်တဲ့

သစ်သီးလားဆိုတာငါမသိခဲ့ပေမဲ့

ငါ့ကို ခါးသက်သက်အမုန်းတွေနဲ့

ချိုမြမြအလွမ်းတွေတော့

ဆက်လက်စားသုံးခွင့်ပြုပါ ဟန်နီ

 

အ ချစ် က ချို မြိန် တဲ့

သစ် သီး လား ဆို တာ ငါ မ သိ ခဲ့ ပေ မဲ့….

 

11:20 AM

နတ်သမီး

In: ကဗျာ Posted By: Date: Aug 26, 2011
Comment #1

ငါဆိုတဲ့သူက နင့်ကိုမှမလွမ်းရရင်

ကိုယ့် အိပ် မက် တောင် ကိုယ် စိတ် တိုင်း ကျ

မ ဖန် တီး နိုင် တော့ လို့ ပါ..။
အားပေးသွားပါတယ်။နတ်သမီး

commentinfo By: poem.poem28 at Aug 26, 2011
Comment #2

အမုန်းတွေခြုံခိုတိုက်ခိုက်ခံရတဲ့နေ့ကစ
ချိုမြိန်တဲ့ အလွမ်းသစ်သီးတစ်လုံး
နင်လက်ဆောင်ပေးခဲ့တဲ့နောက်
နင်နှင်းအပ်ခဲ့တဲ့ မီးတောက်ကို
ဆုတော် လာဒ်တော် အဖြစ်နဲ့
ချိုမြိန်စွာသုံးဆောင်နေပါတယ် ချစ်သူ
အားပေးသွားပါတယ် နတ်သမီး…

commentinfo By: ချမ်းငြိမ်းအောင် at Aug 26, 2011
Comment #3

အချစ်ကချိုမြိန်တဲ့

သစ်သီးလားဆိုတာငါမသိခဲ့ပေမဲ့

ငါ့ကို ခါးသက်သက်အမုန်းတွေနဲ့

ချိုမြမြအလွမ်းတွေတော့

ဆက်လက်စားသုံးခွင့်ပြုပါ ဟန်နီ

Comment #4

ဆက်လက်စားသုံးခွင့်ပြုပါ….ဟန်နီ

အချစ်ကချိုမြိန်တဲ့

သစ်သီးလားဆိုတာငါမသိခဲ့ပေမဲ့

ငါ့ကို ခါးသက်သက်အမုန်းတွေနဲ့

ချိုမြမြအလွမ်းတွေတော့

ဆက်လက်စားသုံးခွင့်ပြုပါ ဟန်နီ

အ ချစ် က ချို မြိန် တဲ့

သစ် သီး လား ဆို တာ ငါ မ သိ ခဲ့ ပေ မဲ့….

commentinfo By: May Kha at Aug 26, 2011
Comment #5

အ ချစ် က ချို မြိန် တဲ့

သစ် သီး လား ဆို တာ ကျွန်တော်လည်းမသိပါဘူး

ဒီကဗျာကတော့ ကာလာစုံကဗျာလို့ မြင်ပါတယ် 🙂

အားပေးသွားပါတယ်ခင်ဗျာ

commentinfo By: ကြယ်စစ်သည် at Oct 26, 2011
Comment #6

oh,,,,oh,,,
how excellent.
great

commentinfo By: ei lay at Jan 9, 2012
Comment #7

really like both title & poem xo muchhhhhhhh

commentinfo By: ei lay at Apr 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment