Professional Authors

ငါ့အတွက် …

လျှောက်ခဲ့ကြပြီးပြီပဲ …
လမ်းတွေလဲ ကြမ်းခဲ့တယ်
ခရီးတွေလဲ ပမ်းခဲ့ရဲ့  ….

ငါက အတ္တကြီးသတဲ့လား ဟန်နီ …
နင်မသိခဲ့လို့လား … မသိချင်ယောင်ဆောင်လိုက်တာလား …
“ငါ့အတ္တ ငါ့မာန … ငါ့ ပျော်စရာ .. ငါ့ကမ္ဘာ ..
နင်သာ … နင်သာ အရာရာ … ” ဆိုတဲ့ စာကြောင်းလေးတွေ … ။

ခုချိန်တော့ …
သံသယတွေ ၊ မာန်မာနတွေ
ဒါတွေ ခ၀ါချ …
ငါ အဖြူသက်သက်ပဲ နင့်ဘေးနားရှိချင်တယ် … ။

ဟော ဟိုမှာ …
မဝေးတော့ တဲ့ အနာဂါတ် …
မတွေးတော့ဘူးကွယ် … ရှေ့ တည့်တည့် ပဲ လျှောက်မယ်လေ … ။

ငါ့ဘေးနား နင်ရှိနေပေးတာပဲ …
အမှောင်ထု ဘယ်လောက်နက်နက် …
နင့်ရဲ့ အလင်း တစ်စ နဲ့ … ငါ ထွန်းလင်းပါ့မယ် …. ။

ငါလဲ သာမန်လူပါကွယ် ….
စိတ်ကောက်တတ် ၀မ်းနည်းတတ် …
အားငယ်တတ် ကျရှုံးတတ်တယ် …
ငါ့ဘေးနားရပ် … ငါ့အတွက် တည့်မတ်ပေးနိုင်မလား …. ။

နင် လိုအပ်တဲ့အချိန်တိုင်း … “နင့်အတွက်ငါ”
ရှိနေပေးခဲ့ဖူးတယ် … ရှိနေပေးတယ် … ရှိနေပေးဦးမယ် …
ခု … ငါ နင့်ကို စူးစူးနစ်နစ် လိုအပ်နေတဲ့အချိန် …
“ငါ့အတွက်နင်” … ရှိပေးနိုင်မလား ဟန်နီ … ။

In: ကဗျာ Posted By: Date: Apr 5, 2012
Comment #1

နင် လိုအပ်တဲ့အချိန်တိုင်း … “နင့်အတွက်ငါ”
ရှိနေပေးခဲ့ဖူးတယ် … ရှိနေပေးတယ် … ရှိနေပေးဦးမယ် …
ခု … ငါ နင့်ကို စူးစူးနစ်နစ် လိုအပ်နေတဲ့အချိန် …
“ငါ့အတွက်နင်” … ရှိပေးနိုင်မလား

commentinfo By: ကံ့ကော်မောင် at Apr 5, 2012
Comment #2

ခံစား…သွားပါတယ်
ရှိနေပေးရင်တော့..ပိုကောင်းမှာပေါ့ဗျာ…

commentinfo By: poem.poem28 at Apr 5, 2012
Comment #3

ဟုတ်ကဲ့ … ရှိနေပေးရင်တော့ တိုင်းထက်အလွန်ပေါ့ ကိုpoem ရေ … 🙂

ကိုကံ့ကော်မောင်ရော ကိုpoem ရော .. ကျေးဇူးပါနော် …း)

commentinfo By: ငယ် at Apr 5, 2012
Comment #4

why not?
i m beside u.
u don’t see me then u r looking far away.
he,,he,,,just teasing naw.

really niceeeeeeeeeee.
touch my heart

commentinfo By: ei lay at Apr 5, 2012
Comment #5

ရှိနေပါစေ….လို၊၊့…….
ကျွန်တော်ခံစားအားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Apr 5, 2012
Comment #6

ကျေးဇူးပါ .. မမိုးနဲ့ မအိလေးရေ ….

commentinfo By: TharThar at Apr 6, 2012
Comment #7

ကျေးဇူးပါ … မမိုးနဲ့ .. မအိလေး …း) …
(ခုန အကောင့်မှားဝင်ရိုက်ရို့ … ဟီး … )

commentinfo By: Nge Lay at Apr 6, 2012
Comment #8

kwi,,kwi,,
phyit hma phyit ya lay,,,
account be hna khu taung pwar htar le ma ti bu naw?
he,,he,,,
daw like tar,,,’sate ma shoke bu lar hin?
ei lay so account 1 khu de pe shi de,shin yaw..

commentinfo By: ei lay at Apr 7, 2012
Comment #9

ဟုတ်ဝူး အမရ … ကိုသားသား အကောင့်ကို သူ့ကဗျာ လာတင်ပေးတာ ….
မေ့ပီး သူ့အကောင့်ကို လော့ဂ်အောက် မလုပ်ပဲ ကွန်မန့်ပေးလိုက်မိလို့ … ကွိကွိကွိ … 😛

commentinfo By: ငယ် at Apr 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment