Professional Authors

V-Day လက်ဆောင်

‘သူ့ ’ အတွက်
ရောင်စုံ နှင်းဆီပန်းလေးတွေ အလွန်လှတာပေါ့………
‘သူ့ ’ အလှလေးကိုတော့ ဘယ်မှီပါ့မလဲ……….
ကျေးငှက် တေးသံလေးတွေ နားဝင်ချိုတာပေါ့……….
‘သူ့ ’ အပြောလေးလောက်တော့ ဘယ်ချိုသာပါ့မလဲ……….
မိုးပြာရောင်ကောင်းကင် ကြီးမားကျယ်ပြန့် တာပေါ့……….
‘သူ့ ’ စိတ်သဘောထားလေးလောက်တော့ ဘယ်ကြီးမားပါ့မလဲ………..
မိုးသား တိမ်တိုက်တွေ ဖြူစင်တာပေါ့………..
‘သူ့ ’ နှလုံးသားလေးလောက်တော့ ဘယ်ဖြူစင်ပါ့မလဲ……….
ဒီလို ‘သူ့ ’ တစ်ယောက်အတွက်………..
ငါ့နှလုံးသားကို အရင်းတည်
တွေးနေတဲ့ ‘သူ့ ’ အကြောင်း ကဗျာအဖြစ်ချကာရေး……….
ခံစားချက်ဖြင့်ပေါင်းစည်း
မေတ္တာတရားဖြင့် ထုပ်ပိုး………….
၁၅၀၀ တန် တံဆိပ်ခေါင်းကပ်ပြီး
ပို့ လိုက်မယ်………….
ငါ့ရဲ့ V-Day လက်ဆောင်…………..

In: ကဗျာ Posted By: Date: Feb 14, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment