အသံတိတ်…နွေ
ကျွန်တော်ဟာ.
.နွေထဲကကောင်…….
ဘယ်တော့မှ….ကြယ်ကြွေအောင်..မတောက်လောင်ဘူး။
လောင်ကျွမ်းမှုတွေ….နဲ့…
ငါအချစ်…..
ကိုယ့်ကမ္ဘာ ကိုယ်ပြာချ..
.ငါဟာ….ကြွေကျ..သက်သက်….လင်းပြခွင့်ရှိတဲ့သူ
ငါမမြင်ဖူးပေမယ့်..
.ဒီကြယ်ကို အချစ်ဆူးတွေနဲ့….ရံ…ရူးနေခဲ့တယ်
ထူး…ချင်..ထူးလာနိုင်ရဲ့…..ဒါပေမယ့်…ငါ…မတိုးရက်ခဲ့ဖူး….။
ချစ်သူ..
.နင်ကြားဖူးမှာပေါ့..
ဇာတ်တူသားမစားကောင်းဘူးဆိုတာကို
…………………..
စည်းခတ်ထားတဲ့..၀န်းအပြင်..
.နှင်းတွေနဲ့…၀ိုင်းနေတဲ့..နင့်နဘေး….
ငါ့ရင်အေးစေဖို့တခုထဲအတွက်…..
..လက်..မကမ်းရက်ပါဘူး….။
………………………………..
တဖက်သတ်ဆိုပေမယ့်
တသက်လုံးအတွက်….ခိုင်မာလို့
ငါအတွက်…
ဘယ်တော့မှကြွေကျမလာမယ့်..ကြယ်တစင်း…
ချစ်ခြင်းတွေ..တကူးတက..ဆက်သချင်နေခဲ့တယ်။
ငါဟာ…အရူး…..
အရူးဆိုပေမယ့်….
နင့်အတွက် အချစ်ဆုံးသူငယ်ချင်း…
.နေရာ..မှာ..မဦးချင်ခဲ့ဘူး……။
ဒါတွေ
ငါ..မပြောဘူး…မပြောပါဘူး….
ခြေရာချင်းမတူလို့လည်း..
အိုင်ခွက်ထဲ လူးနေရတဲ့ဘ၀….
အချစ်နဲ့ ပတ်သက်ရာ
ပတ်သက်ကြောင်း ကင်းရမယ့်သူ
နင့်အတွက်…အလင်းဆိုရင်တောင်…
မီးတောက်တခုစာပဲ.မို့
နင်ပျော်ရင်..ငါပျော်…
နင်ပြုံးရင်…ငါ…ပြုံးလို့
နင်ငိုရင်…ငါ…ပြိုလဲမယ်..ဆိုယုံ…
.ဆိုယုံ..လောက်….သာ….သိ…
ငါ့ရင်မှာ…ငြိစေဖို့….
.ဘယ်ဆုတောင်းမှ…ထပ်..မလောင်းတော့ပါဘူး။
နင်သိထား…..
ငါ…ဆိုတာ
နွေထဲကကောင်…….
.
ဘယ်တော့မှ….ကြယ်ကြွေအောင်..မတောက်လောင်ဘူး။
13.2.2012- ည (103း5)
Comment #2
kaung par de,,1 tet lone thu ma par be ne nay naing de so yin pop,,
kou ma hote de 1 char thu ne pe thu ba wa ko shay set say pop,,
kou tar win ma u naing de a yar ko let ma khan dar 2 bet sa lone a twat kaung de,,
By: ei lay at Feb 14, 2012
Comment #3
အရမ်းကောင်းတယ်.. .. ဖတ်ပြီးမှာ တော်တော်ခံစားရတယ်..တကယ်..။ keep it up… You are really talented.. 🙂
By: APhyu at Feb 14, 2012
Comment #4
(နွေထဲကကောင်……..)
ဘယ်တော့မှ….
…………………………………………………….
By: moehtetaung18 at Feb 14, 2012
Comment #6
စည်းခတ်ထားတဲ့..၀န်းအပြင်..
.နှင်းတွေနဲ့…၀ိုင်းနေတဲ့..နင့်နဘေး….
ငါ့ရင်အေးစေဖို့တခုထဲအတွက်…..
..လက်..မကမ်းရက်ပါဘူး….။ (မှန်တယ်မိုး.)
By: May Kha at Feb 14, 2012
Comment #7
နင်သိထား
ငါဆိုတာ
နွေထဲကကောင်
ဘယ်တော့မှကြယ်ကြွေအောင်မတောက်လောင်ဘူး
စကားလုံးတွေ လှမြဲ လှဆဲဗျို့
ခံစားအားပေးသွားတယ် အစ်မတော်ရေ ။
By: X - ray at Feb 14, 2012
Comment #9
စည်းခတ်ထားတဲ့..၀န်းအပြင်..
.နှင်းတွေနဲ့…၀ိုင်းနေတဲ့..နင့်နဘေး….
ငါ့ရင်အေးစေဖို့တခုထဲအတွက်…..
..လက်..မကမ်းရက်ပါဘူး……..ဆိုတာလေးကို ကြိုက်လို့..
juz came here to read one more time.. 🙂
By: APhyu at Feb 14, 2012
Comment #10
မမိုး…တကယ် good တယ်….
By: poem.poem28 at Feb 14, 2012
Comment #12
သူငယ်ချင်းတွေပြောခဲ့တာနဲ့ပဲ ဘာပြောရမှန်းတောင် မသိတော့ပါဘူး
တော်တော်လေးသဘောကျမိတယ်
ချစ်ခင်စွာဖြင့် . . .
ကိုသျှား
By: ကိုသျှား at Feb 14, 2012
Comment #14
ငါဆိုတာ
နွေထဲက ကောင်
By: နွေ at Jul 8, 2013




Comment #1
ငါမမြင်ဖူးပေမယ့်..
.ဒီကြယ်ကို အချစ်ဆူးတွေနဲ့….ရံ…ရူးနေခဲ့တယ်
ထူး…ချင်..ထူးလာနိုင်ရဲ့…..ဒါပေမယ့်…ငါ…မတိုးရက်ခဲ့ဖူး….။
တဖက်သတ်ဆိုပေမယ့်
တသက်လုံးအတွက်….ခိုင်မာလို့
ငါအတွက်…
ဘယ်တော့မှကြွေကျမလာမယ့်..ကြယ်တစင်း…
ချစ်ခြင်းတွေ..တကူးတက..ဆက်သချင်နေခဲ့တယ်…
နင်ပျော်ရင်..ငါပျော်…
နင်ပြုံးရင်…ငါ…ပြုံးလို့
နင်ငိုရင်…ငါ…ပြိုလဲမယ်..ဆိုယုံ…
.ဆိုယုံ..လောက်….သာ….သိ…
ငါ့ရင်မှာ…ငြိစေဖို့….
.ဘယ်ဆုတောင်းမှ…ထပ်..မလောင်းတော့ပါဘူး…..
မမိုး….ရေ….ကျွန်တော်လည်းအဲ့လိုဖြစ်နေတယ်……..
ကဗျာကောင်းလေးတွေဖန်ဆင်းတတ်သူမို့….လေးစားအားကျအားပေးလျက်….