Professional Authors

~~~ အသံတိတ် ဇာတ်လမ်း ~~~

တိတ်တိတ်လေးပါပဲ

တိုးတိုးလေး

ကြေကွဲတယ် …

 

နင်သိစရာ မလိုအပ်ဘူး

နင်သိမှာလည်း မဟုတ်ဘူး။

 

တိတ်တိတ်လေးပါပဲ

ငြိမ်ငြိမ်လေး ထိုင်ပြီး ငေးကြည့်နေတယ် …

 

ငါလား အချစ် ဆိုတာကို

ဘာမှန်းမသိတဲ့ကောင်ပါ

ဒါပေမယ့်

နင်ပျော်တာကို အမြဲမြင်ချင်တဲ့သူ

နင်စိတ်ညစ်တဲ့အခါ ငါ့ကိုယ်ငါ

အပြစ်သားတစ်ယောက်လို

သတ်မှတ်မိတဲ့သူ။

 

ဟင့်အင်း

နင့်ဆီက ငါဘာမှ မလိုချင်ဘူး

တောင်းဆိုဖို့လဲ အခွင့်မရှိပါဘူး

နင့်အပြုံးတစ်ချက်နဲ့

ငါ ကျေနပ်ပါတယ်။

 

ဒါပါပဲလေ …

ငါ့ခံစားချက်တွေက

နင်မသိနိုင်လောက်အောင်

တိုးတိတ်လွန်းခဲ့ပါတယ်။

 

ဖွိဖောင်း

In: ကဗျာ Posted By: Date: Nov 19, 2010
Comment #1

ငါလား အချစ် ဆိုတာကို
ဘာမှန်းမသိတဲ့ကောင်ပါ
ဒါပေမယ့်
နင်ပျော်တာကို အမြဲမြင်ချင်တဲ့သူ
နင်စိတ်ညစ်တဲ့အခါ ငါ့ကိုယ်ငါ
အပြစ်သားတစ်ယောက်လို
သတ်မှတ်မိတဲ့သူ။
…………..
ကောင်းတယ်

commentinfo By: အသဲကွဲမိုး at Nov 19, 2010
Comment #2

ကျေးဇူး 🙂

commentinfo By: ဖွိဖောင်း at Nov 19, 2010
Comment #3

ကောင်းတယ်ဗျာ ကဗျာက
ကျွန်တော့်အဖြစ်နဲ့ ဆင်တယ်
ကျေးဇူးတင်ပါတယ်ကဗျာရေးတဲ့သူကို
လူချင်းမသိပေမယ့် လေးစားပါတယ် ကျေးဇူးလဲတင်ပါတယ်

commentinfo By: လမင်း at Nov 19, 2010
Comment #4

အဲဒီကဗျာကို ကျွန်တော်လူတစ်ယောက်ဆီကိုပို့ပေးပါရစေဗျာ
ကြိုက်လို့ပါ
ကျွန်တော်က ကဗျာမေ၇းတတ်လို့ပါ
ကျွန်တော်ခွင့်တောင်းပါတယ်ခင်ဗျာ

commentinfo By: လမင်း at Nov 19, 2010
Comment #5

ကဗျာရယ်လို့သာ ခေါင်းစဉ်တပ်ရတာ တကယ်တော့ ကိုယ့်ခံစားချက်တွေကို ဒီတိုင်းချရေးဖြစ်ခဲ့တာပါ ဘယ်လိုပဲဖြစ်ဖြစ် အားပေးတဲ့အတွက် ကျေးဇူးပါ ကြိုက်သလိုယူသုံးခွင့်ရှိပါတယ်ရှင့်

commentinfo By: ဖွိဖောင်း at Nov 19, 2010
Comment #6

ကိုယ့်ရဲ့ ကဗျာတွေကို ညီမလေးဖတ်မိရင်
ညီမလေး သိပ်ကိုသိမ်ငယ်သွားလိမ့်မယ်.
နောက်တာနော် ညီမလေးရေးတာကောင်းပါတယ်

commentinfo By: G.T13 at Aug 24, 2011
Comment #7

excellent.
excellent.
excellent.

commentinfo By: ei lay at Aug 24, 2011
Comment #8

@G.T13 >>> ဟုတ်ကဲ့ ကြော်ငြာဝင်တယ်လို့ပဲ သတ်မှတ်ပါတယ် 🙂

commentinfo By: ဖွိဖောင်း at Aug 25, 2011
Comment #9

@ei lay >>> thanks 🙂

commentinfo By: ဖွိဖောင်း at Aug 25, 2011
Comment #10

ကဗျာက ရိုးရိုးလေးနဲ့လှတယ်
တိတ်တိတ်လေး ရင်ခုန်ခဲ့ရတယ်ဆိုတဲ့သဘောနဲ့တူတယ်ဗျာ
ကဗျာဆရာရေးတယ်ထင်တာ ကဗျာဆရာမရေးတာကိုး
ဘယ်သူရေးရေးပါ ကဗျာကောင်းလေးမို့ ခံစားအားပေးသွားတယ် ။

commentinfo By: X - ray at Jan 13, 2012
Comment #11

really really like so much

commentinfo By: ei lay at May 22, 2012
Comment #12

super… super…. perfect .

commentinfo By: cynthia at May 23, 2012
Comment #13

တိတ်တိတ်လေးပါပဲ

တိုးတိုးလေး

ကြေကွဲတယ် …

commentinfo By: ei lay at Feb 9, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment