Professional Authors

အမြုံပန်း

သံယောဇဉ်တွေ နှောင်ဖွဲ့လေသလား
( ငါကတာ့ ငါ့နှလုံးသား ကိုငါ )
အရွဲ့ တိုက်လိုက်ချင်တယ် .. ။

အလွမ်းတွေ နေ၀င်မသွားပေမဲ့
ဆည်းဆာကတော့ မှုန်မှုန်ပြပြ
ဘ၀ ဆိုတာ မှန်တစ်ခြပ်လို
တန်ပြန်မှုတွေ ရှိခဲ့ရင် ကောင်းသား … ။
 
အချစ်ဆိုတာ နွေးထွေးမှု တွေ နဲ့ ပေါင်းစု ထားတဲ့
ဒြပ်ထု ဆို …
ပျော်ရွှင်မှုကို  ဖြိုခွင်းခဲ့တဲ့ လက်နက် တစ်လက် အတွက်
အမည် တပ်ရခက်နေသေးပါတယ် … ။

ငါ့ဆီ ဦးတည် မလာတဲ့ ခြေလှမ်း ကို
ငါက မျှော်မှန်း
ညှိုးနွမ်း မသွားတဲ့ အလွမ်းတွေ
နေ့ည ငါ့ကို ပက်သက်နေတုန်းပဲ …။

အအိပ်ခက်တဲ့ ညတွေ
စိတ်ပျက်စွာ နဲ့ ဖြတ်သန်း
အိပ်မက် တွေတောင် မောပန်းလွန်းတယ် … ။

နင့်ကြောင့် လဲပြိုခဲ့ရတာ မဟုတ်ရင်တောင်
နင်ထူမှ ပဲ ငါထ ချင်တယ် ..
ဒီလို အတ္တ တွေ အတွက်
လူတွေ သတ်မှတ် ချက်က
” မိုက်ကန်း ” တဲ့

( ဝေဖန်ကြစမ်းပါစေ … )
ငါ့နှုတ်ခမ်း တစ်စုံ မဲ့ မသွားခဲ့ပါဘူး
ပြုံးလျက် အမြဲ ပဲ
နုန်းလျက်သာ နေတတ်ခဲ့သူ
ငါ့ရင်ထဲ အပူ ဘယ်သူနားလည်နိုင်ခဲ့လို့လဲ .. ။

နင်ကတော့ မမုန်းပါဘူး
ငါကတော့ ရှုံးသွားခဲ့သူ
ဒါ … ဘယ်သူ သတ်မှတ်ခဲ့တာလဲ

မင်းမကြည့်ခဲ့ တဲ့ အရာတွေက
ငါ့ရင်မှာ တည်ရှိနေတယ် …
ကောင်းကင် ဆို မိုးပြိုခဲ့တာ ကြာပေါ့
နင့်ကို စိုသွားတယ်ဆိုယုံလေးပါ

သမာန်ကာ လျှံကာ ၀မ်းနည်းခြင်းမျိုး မဟုတ်ဘူး

ရူးသွားလောက်အောင် ငါချစ်ခဲ့ပေမယ့်
ငါ့အချစ်တွေက ၀တ်မှုန်မှ မကူးခဲ့တာ ပဲ ………… ။

လွမ်းလှိုင်း

11:50 pm
( 27.11.09 ) Fri

In: ကဗျာ Posted By: Date: Jun 13, 2010
Comment #1

ဒီကဗျာ မဖတ်ရသေးပါလား … အရင်က ဒီမှာ မတင်ဘူးနဲ့တူတယ် …
ဘာပဲဖြစ်ဖြစ် မိုက်တယ် …

commentinfo By: harry at Jun 14, 2010
Comment #2

ဟုတ်တယ် ကိုဟယ်ရီ ဘယ်မှာ မှ တော့ မတင်ရသေးဝူး လွမ်းဘလော့မှာတောင် မတင်ရသေးဝူး ထင်တယ်
ဂျာနယ် တစ်ခု အတွက်ရေးထားတာ ဂျာနယ်မှာတော့ ပါပီးပီ ကျေးဇူးပဲ အကို

commentinfo By: lwanhlainge at Jun 14, 2010
Comment #3

I’m speechless, what a creative & touching poem 🙂

commentinfo By: snowflake at Jun 14, 2010
Comment #4

by the way thz

commentinfo By:ူlwanhlainge at Jun 15, 2010
Comment #5

ခံစားချက်တွေက တထပ်တည်းကျတယ်
ကိုယ့်အကြောင်းရေးထားသလိုပဲ

commentinfo By: Hnin at Jun 23, 2010
Comment #6

ကျေးဇူးတင်ပါတယ် …
ကဗျာတွေ လာဖတ်ပီး ကော်မန့် ပေးသွားတာကို

commentinfo By: lwanhlainge at Jun 23, 2010
Comment #7

အရမ်းကောင်းပါတယ်
ထပ်ရေးအုံးနော်
အားပေးလျှက်

commentinfo By: angel at Jun 24, 2010
Comment #8

ဟုတ်ကဲ့ နောက်ထပ် ခံစားချက်များကို လည်း ထပ်ပီး ဝေဖန်အားပေးပါဦး ကျေးဇူးတင်ပါတယ်

commentinfo By: lwanhlainge at Jun 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment