Professional Authors

ဖူးစာရှင်

ကဗျာတွေ ရေးစပ်ရင်း
မျှော်လင့်ခြင်းတစ်ခုနှင့်
သခင့်ကို ထာဝရ
ကျွန်မမေတ္တာရှိနေပါရစေ
တစ်ချိန်ချိန်မှာ သခင်ဟာ
ကျွန်မရဲ့ ကြင်ဖော် ဖြစ်လာနိုင်ကောင်းပါရဲ့
အဲဒီအတွေး တွေးလို့
သခင်နဲ့ တွေ့လာမယ့်
နေ့တစ်နေ့ကို ကြိုတင်စောင့်စားလို့
သခင်ရောက်လာမယ့်ရက်ကို
မျှော်လင့်ရင်း
ကာရန်မဲ့ကဗျာတွေ
အသက်သွင်းရေးစပ်နေခဲ့
အဓိပ္ပာယ်မဲ့နေတဲ့
စာသားတွေနဲ့အတူ
ခြောက်သွေ့နေတဲ့ ကျွန်မဘ၀ထဲ
တစ်နေ့ သခင်ရောက်လာမယ်ဆိုတဲ့
အသိတစ်ခုနဲ့
ကျွန်မ ရှင်သန်ခြင်းများစွာနဲ့အတူ
ရှိနေပါတယ်…..

In: ကဗျာ Posted By: Date: Jun 9, 2010
Comment #1

ခုထိစောင့်နေတုန်းလားဟင်….

commentinfo By: linlin at Jun 9, 2010
Comment #2

အလျားအနံမရှိပေမဲ့
အသွားအပြန်ရှိပါသတဲ့
ဒီစကားအလကားထားခဲ့တာမဟုတ်ဘူးနော်။
အသက်မဲ့စာသားလေးတွေက
မြားတစင်းလိုရင်မှာထိနေပြီဆိုတာ
မင်းသိမှသိပါရဲ့လား
စောင့်စားသူရယ်။

Comment #3

ဟုတ်ပါတယ်။ မေတ္တာရဲ့အသွားအပြန်က ပိုပြီး အေးချမ်းမှုရှိနေပါတယ်။

commentinfo By: မနောဖြူလေး at Jun 24, 2010
Comment #4

ကောင်းပါတယ်

commentinfo By: moe at Sep 16, 2010
Comment #5

ရောက်လာမှာပါ ဘတ်စကားကျပ်နေလို့တဲ့ နဲနဲနောက်ကျမယ်တဲ့

commentinfo By: naungyoesit at Mar 19, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment