Professional Authors

အို ဘဲ့ မြားနတ်ရှင်

အို ဘဲ့ မြားနတ်ရှင်

သင် ရောက်တတ်ရာရာ ပစ်ခဲ့ လေသော ပစ်မှတ်တို့ အား ငါမလို

ငါ့ မြားကိုငါဆင် ငါ့  လေးကိုငါညှို့  လို့ 

ငါ့  ပစ်မှတ်အား ငါ ကိုယ်တိုင် ချိန်ရွယ် ပစ်ခတ် ပါရစေ နင်ရွေးချယ်ခဲ့ လေသောပစ်မှတ်တို့ သည်

တာရှည်မခံညှိုးငယ်လွယ်သောပန်းနှင့် တူကုန်၏

ငါ သည် မချစ်တတ်ရု မဟုတ် ငါနှလုံး သားတွင်ရှင်သန်လာခဲ့ လေသော

ငါ၏ချစ်ခြင်းတို့ သည်နားလည်မှု့ များ၊ စာနာမှုများ ၊

မြတ်နိုးခြင်းများ၊ဖေးမ ကြင်နာမှု့ များစွာတို့ နှင့် ဖြစ်တည်ခဲ့ ၏

သစ်စာတရားမျာတို့ နှင့် ချည်နှောင်၏ အေးတူပူအမျှ စာနာ၏

လေးနက်ခြင်းများစွာတို့ နှင့် ရဲ ရင့် ၏ထိုလေးနက်ခြင်းများစွာတို့ နှင့် ပြည့် နှက်လေသော

ထိုချစ်ခြင်းများ ကိုငါ မြတ်နိုးချစ်ခဲ့ ရသော ငါ၏ချစ်သူလေးတစ်ယောက်အတွက်သာ

ငါ့ အားထာဝစဉ်သော့ ခတ်သိမ်းထားပါရစေထိုပစ်မှတ်ကိုသာ ချိန်ရွယ်ပစ်ခတ်ပါရစေ

သင်၏ပစ်မှတ်တို့ အားငါမယူလို ငါ့ မြားကိုငါဆင် ငါ့  လေးကိုငါညှို့  လို့ 

ငါ့  ပစ်မှတ်အား ငါ ကိုယ်တိုင် ချိန်ရွယ် ပစ်ခတ် ပါရစေ

အို ဘဲ့ မြားနတ်ရှင်

ငါ့ အားညှိုးမာန် မဖွဲ့  ပါနှင့်  ငါ တွင်ဖြစ်တည်ခဲ့ လေသော ချစ်ခြင်းတို့ သည်

တစ်မိုးအောက်မှာတစ်ယောက်အတွက်သာ ၊တစ်ယောက်အတွက်သာ ဘ၀တစ်သက်တာ

တိုင်တည် ခဲ့ လေ၏ ငါ၏ချစ် ခြင်းတို့ ၏နောက်ကွယ်တွင်ချစ် ခြင်းတို့ သာ ဖြစ်တည်၏

အို ဘဲ့ မြားနတ်ရှင်

ငါ သည်အချစ်၏ကျေးကျွန် မဟုတ် အရှင်သခင်ဟူရ်ုလည်းမခံယူ

စစ်မှန်လေးနက်တည်ကြည်သောချစ်ခြင်းတို့ ဖြင့် စစ်မှန်လေးနက်တည်ကြည်သော ပစ်မှတ်ကိုသာ

ငါရည်ရွယ်ပစ်ခတ်လို၏အချစ်ပေးရ်ုအချစ်သာယူလို၏

ငါ၏ ချစ်ခြင်းတို့ အတွက် ဖိုးလမင်းကိုလဲအောင်သွယ်ရန်မစေခိုင်း

သင်၏ပစ်မှတ်တို့ အားလဲ ငါမယူလို ငါ့ မြားကိုငါဆင် ငါ့  လေးကိုငါညှို့  လို့ 

ငါ့  ပစ်မှတ်အား ငါ ကိုယ်တိုင် ချိန်ရွယ် ပစ်ခတ် ရန်သာ ငါလို၏

In: ကဗျာ Posted By: Date: Mar 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment