Professional Authors

မျောက်ဆိုတာလူကဆင်းသက်လာတာ

 

မြစ်ကွေ့လို့ ကမ်းကောက်တာလား

ကမ်းကောက်လို့မြစ်ကွေ့တာလား

ရေနီးတော့ တငါ   တောနီးရင် မုဆိုး

လေထဲမှာ  ဗိုင်းရပ်စ်တွေ  ဗိုင်းရပ်စ်တွေ ဗိုင်းရပ်စ်တွေ

ကူးစက်လွယ်ရောဂါတွေထဲ

အကုသိုလ်က ပထမ

ကမ္ဘာ့ မြေဆွဲအား သီအိုရီ

အဆင်းမှာ သက်သက်သာသာ

အတက်ဆို အားသွန်ခွန်စိုက်

ရှေ့ဆောင်ဥဿဘ လိမ်ဖယ်လိမ်ဖယ်

အမွေ  အမွေ အမွေ

ရေတွေ ရေတွေ ရေတွေ

မြေပေါ် သဲပေါ် ကျောက်ပေါ် ရွှံ့ပေါ်

ဝါလိုက် ပြာလိုက် ကြည်လိုက် နောက်လိုက်

ရေခံမြေခံဆိုတာမျိုး

အဟက် ရယ်စရာ

ဆင်တစ်ကောင်လုံးကိုယ့်ရှေ့မှာ

ဟဲ့ ဆင်ခြေရာ ရော ဆင်ခြေရာ တဲ့

လူဆိုတာအထက်မှအောက်ကို  ဒလဟော ……………..

In: ကဗျာ Posted By: Date: Jun 30, 2013
Comment #1

good view.

commentinfo By: May Kha at Jul 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment