Professional Authors

ကြယ်စင်တတင်း သူငယ်ချင်းသို့

နတ်စောင်းသံလား၊ မှတ်ထင်မှားခဲ့၊
စကားသံစဉ်၊ ကြားပြန်လျှင်လည်း၊
နားဝင်လဲချို၊ ရင်လဲဖိုခဲ့၊
မှန်လိုကြည့်ချင်၊ သူ့ရုပ်သွင်ကို၊
မြင်ရလေတိုင်း၊ ရင်မှာလှိုင်းဆင်၊ ‎
သူခိုင်းရင်ပျော်၊ သူကခေါ်ရင်၊
ကြယ်စင်တတင်း၊ ငွေလမင်းနဲ့၊
ဆောင်ကြဉ်းလို့သာ၊ အရောက်လာမယ်၊
သူသာပျော်ရင်၊ ကိုယ်ငိုချင်လည်း၊
ရင်ကိုခွဲကာ၊ အဏ္ဏဝါက၊
ကမာပုံသွင်၊ ပုလဲဆင်မယ်၊
အလွမ်းနယ်တွင်း၊ သူငယ်ချင်းပေါ့၊
ရင်တွင်းမှာတော့၊ ချစ်တေးနော့သီ၊
ကျော့ဆုံးကြားမှာစိုးမိသည်။ ။

အရင်ဆုံး ကဗျာအဟောင်းလေးကို ပြန်တင်လိုက်ပါတယ် …
ဟယ်ရီ

In: ကဗျာ Posted By: Date: May 25, 2009  
Comment #1

မိုက်ပါ့ဗျာ..
သဘောကျသွားပြီ.. ဟီးဟီး.. 😀

commentinfo By: Kitty Yang at May 26, 2009
Comment #2

ရေးထားတာ ကြာလှပြီရော … ကစ်တီမရဲ့ … အခုဖတ်တယ် … X-(

commentinfo By: harry at May 26, 2009
Comment #3

de poem lay ko ho a yin htae ka kyite tar par …. pyan tin pay loh … kyae zuu tin par tae 😀 …

commentinfo By: thazin at May 27, 2009
Comment #4

poem corner ဆိုတာ ကို ဟယ်ရီကြောင့် ရောက်လာခဲ့တဲ့နေရာ….။
တော်တော်ကြာ မရောက်ဖြစ်တာ ကြာပေါ့…။
ပြန်လည်ရောက်လာတော့… ကဗျာလေးတွေ တင်ရင်း
ပထမဦးဆုံးသော ကဗျာလေးကို မှတ်မှတ်ရရ ပြန်လာဖတ်ပါတယ်…း)

commentinfo By: John Moe Eain at Jun 18, 2010
Comment #5

ကျေးဇူး မိုးအိမ်ရေ …

commentinfo By: harry at Jun 18, 2010
Comment #6

ဒီကဗျာလေးကို အခုမှဖတ်မိတယ်အစ်ကို…။ အရမ်းကြိုက်တယ်…။
ဒီနေ့ ကဗျာရွာကိုလာရကြိုးနပ်သွားပြီဗျာ…။

commentinfo By: နေညို at Aug 19, 2010
Comment #7

ရင်တွင်းမှာတော့၊ချစ်တေးနော့သီ၊
ကျော့ဆုံးကြားမှာစိုးမိသည်။ ။ စာသားလေး တကယ်မိုက်တယ်ဗျာ ၂၀၀၉ က ကဗျာလေးကို ၂၀၁၁ မှဖတ်ဖြစ်ပေမယ့် ဒီကဗျာလေး တကယ်ဖတ်လို့ကောင်းတယ် ။

commentinfo By: X - ray at Aug 22, 2011
Comment #8

ကျေးဇူးပါ X-ray ရေ …

commentinfo By: harry at Sep 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment