Professional Authors

ကြင်သူမသိ… ကြင်သူသိသော်…

လွမ်းငွေ့တဝေေ၀
ဝေးရက်မြေကို လှမ်းချင်ပါလည်း
ကြင်သူမသိ
ကြင်သူသိသော်…
နေ့ရက်ချိန်ခါ
မလွတ်ပါမြဲ တမ်းတပါလည်း
ကြင်သူမသိ
ကြင်သူသိသော်…
လက်ချိုးရေကာ
လှန်လှော်ပါမြဲ ရွက်ဆုတ်နေ့တွေ
ကုန်ကျော်လွန်၍ ပျောက်ကွယ်ပါလည်း
ကြင်သူမသိ
ကြင်သူသိသော်…..
တနေ့တခါ ဘုရားမှာလည်း
ဆုတောင်းခါခါ
တောင်းဆုခြွေရင်း ပန်းကပ်ပါလည်း
ကြင်သူမသိ
ကြင်သူသိသော်….
သူ… မသိပါသော်
မုန်းပြစ်မေ့ကာ မလုပ်ပါပဲ
နှလုံးသားကွဲ သူ့နားမြဲစွာ
စွဲကပ်ပါစေ……..
သူ….သိပါသော်
ချစ်သူမောင်မှာ ယခုအခါ
နှလုံးရပ်တန့် သေမည့်အကြောင်း
အကြင်.သူ့ကို
မပြောပါလေ…….။

In: ကဗျာ Posted By: Date: May 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment