Professional Authors

အဖြူရောင်

ဓာတုဗေဒ စမ်းသပ်မှုမှာ

“ ပါဝင်ပစ္စည်း” များလွန်းတော့

ပုံဆောင်ခဲ ကြွေတယ်……………

 

အယူအဆတွေမှာ

“ငါ“တွေ များလွန်းတော့

အတ္တတွေ ကြွေတယ်…………..

 

ရင်တွင်းဖွဲ့ အလင်္ကာတပုဒ်မှာ

“အချစ် တွေ များလွန်းတော့

နှလုံးသားတွေ ကြွေတယ်

 

ခေတ္တဆုံကြ ဘုံဘဝမှာ

“မေတ္တာ” တွေ များလွန်းပေမယ့်

အရာအားလုံး ပျော်ဝင်သွားကြတယ်လေ……………

 

ခင်မင်လေးစားလျက်

လေပြေ

In: ကဗျာ Posted By: Date: Jun 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment