Professional Authors

အဖြူရောင်

 

 

လွမ်းနေတဲ့အချိန်မှာ တွေ့ချင်ပေမဲ့

အခွင့်အရေးက သူများနဲ့မတူခဲ့ဘူးလေ

မတောင်းဆိုရက်ပါဘူး ပြန်လာပါလို့

ခေါ်မထားရက်ပါဘူး ငါ့အနားမှာပဲ (တစ်ချိန်လုံး )

တအားရက်စက်တဲ့ သတိရခြင်းတွေနဲ့

ငါ့ကိုယ်ငါ ဒဏ်ခတ်လို့ထားတယ်

နင့်အမောတွေကို မပြေစေခဲ့လို့လေ

ဟုတ်တယ်…

နင့်ရဲ့ငါက ‘ ငါ ’ သက်သက်ပဲလေ

ဘာမှမရှိဘူး နင့်ကိုအစွမ်းကုန်ချစ်နိုင်တာကလွဲလို့

တစ်ချိန်မှာပေါ့

ငါ့အချစ်က နင့်အတွက်အရေးမကြီးတော့ရင်……

……………………

……………

……..

ဟင့်အင်း

ငါအဲဒီ့ အချိန်ကိုမသွားချင်ဘူး

မရောက်ပါရစေနဲ့

ဆုတောင်းတိုင်းမပြည့်ရင်နေပါစေ

နင့်ကိုတော့ ထာဝရပိုင်ဆိုင်ချင်တယ်လေ

လောဘကြီးသွားလား

ထာဝရမြင်နေရုံလေးပါပဲဟာ

ဘာမဆိုပေးနိုင်ပါတယ်

ဘာမဆိုလုပ်ပေးနိုင်ပါတယ်

ချစ်နေရုံလေးပါပဲ

ဒါလေးတစ်ခုတော့ပေးပါ ချစ်သူ

ရူးနေအောင်ချစ်မိသွားလို့ပါ

 

                                                                                            ကြက်ခြေခတ် X

 

 

 

(သူငယ်ချင်း ဖြူလေး…နင့်နာမည်နဲ့ ကဗျာ..ငါအရင်ကရေးထားတာ…ခုတော့ နင့်အတွက်ပေါ့) 

In: ကဗျာ Posted By: Date: Aug 7, 2010
Comment #1

ဒီကဗျာကို ဖြူလေးအရမ်းကြိုက်ပါတယ် ဒါပေမယ့် ကြတ်ခြေခတ်သူငယ်ချင်းဖြူလေးတော့မဟုတ်ဘူး….

commentinfo By: phyu lay at Jun 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment