Professional Authors

အဖြူရောင် … ကကြိုးသွယ်

အဖြူရောင်ကြိုးလေးရယ် …
အရောင်ဆိုးခွင့်ပြုပါတော့ …

ဘယ်အချိန်ကများ
ငါ့ရင်ထဲမှာ သံယောဇဉ်တချို့
မသိမသာ ခိုဝင်နားခဲ့တာလဲ …

မချစ်ဖူးသေးတဲ့
နှလုံးသားအသစ်တစ်စုံနဲ့
မင်းတစ်ယောက်ကို ရည်ရွယ်ပြီး
တဖြေးဖြေး တိုးလို့ချစ်နေမိတာ
တစ်ညပြီး တစ်ညသာကုန်ဆုံး
အဖြေရှာလို့ မရနိုင်ခဲ့ဘူး …

ဒီဇင်ဘာ နှင်းဖွေးဖွေးတွေအောက်
စေ့ဟထားတဲ့ နှလုံးသားတံခါးက
သံစဉ်တချို့ ဖိတ်ယိုစီးလို့
ငါ့ရင်မှာ တိတ်တခိုး
မင်းကို ချစ်လို့နေပြီကွယ် … … ။

Zero Boyz    >>>  [email protected]  <<<

In: ကဗျာ Posted By: Date: Jan 21, 2012
Comment #1

so much cute

commentinfo By: ei lay at Jan 23, 2012
Comment #2

🙂
so much touching

commentinfo By: ei lay at Nov 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment