Professional Authors

လူ (New Version)

ပကာသနတွေကို..မက်မော..
လူတွေကြားမှာ..
ငါက…
ခပ်ကြောကြော နေချင်သူ……။

ပေးဆပ်ဖို့ မစဉ်းစား..
ရယူဖို့သာ အလေးထားတာမို့…
သိက္ခာတရားဆိုတာ အလကား..
ငါးပွက်ရာမှာ ငါးစာချနိုင်မှ..
ငါ့ဘ၀ စိတ်ချရမှာလေ……….။

လောက..က .. ပြဌာန်း..
လိုက်နာသင့်တဲ့ …
ကျင့်ဝတ်စည်းကမ်းတွေ မလိုပါဘူး…
Money makes everything
အရာရာကို ငွေကပဲ ဖြေရှင်းနိုင်တာ..မဟုတ်လား..။

အမှန်နဲ့ အမှား.ကြား..
စောင့်ထိန်းစရာ သစ္စာတရားတွေ ခေါက်ထားလိုက်..
ငါ့နေရာအတွက်ဆို..အရာရာကို..ရင်း..
သူများရဲ့…
လည်မျိုကိုလည်း နင်းရဲတယ်……။

စစ်တလင်းမှာ….ဓါးချင်းယှဉ်ခုတ်….
ခွန်အားစိုက်ထုတ်ရတဲ့အလုပ်ကို..ငါ..မလုပ်ဘူး…
နောက်ကျောကို ဓါးနဲ့ထိုး…
ဒါလည်း .. အောင်မြင်ခြင်းတစ်မျိုးပဲလေ…။

ရိုးရိုးကျင့်.. မြင့်မြင့်ကြံ ဆိုတဲ့…
အဖိုးမတန်တဲ့ စကားတွေ မကြားချင်ဘူး…
ငါ့ဘ၀ အရောင်တောက်ဖို့…
မိုးခါးရေလဲ ငါသောက်မယ်……..။

ငါကျင့်သုံးတဲ့ ခံယူချက်အတွက်..
ဘယ်တော့မှ နောင်တနဲ့ စိတ်မပျက်ဘူး..
ငါလိုလူစား.. လောကမှာ အများကြီးလေ

လေးညှို့ရှင်

In: ကဗျာ Posted By: Date: Jun 11, 2010
Comment #1

ကို လေးညှို့ရှင် ကြီး

ပြန်လာတာ ဝမ်းသာတယ်ဗျာ။ အကို့ကို မျှော်နေတာ။ ဒီကဗျာ လွှတ်ကြိုက်တယ်ဗျာ။

ပေးဆပ်ဖို့ မစဉ်းစား..
ရယူဖို့သာ အလေးထားတာမို့…
သိက္ခာတရားဆိုတာ အလကား..
ငါးပွက်ရာမှာ ငါးစာချနိုင်မှ..
ငါ့ဘ၀ စိတ်ချရမှာလေ……….။

စစ်တလင်းမှာ….ဓါးချင်းယှဉ်ခုတ်….
ခွန်အားစိုက်ထုတ်ရတဲ့အလုပ်ကို..ငါ..မလုပ်ဘူး…
နောက်ကျောကို ဓါးနဲ့ထိုး…
ဒါလည်း .. အောင်မြင်ခြင်းတစ်မျိုးပဲလေ…။

commentinfo By: သက်ထွေး at Jun 12, 2010
Comment #2

မိုးခါးရေမသောက်ရင်တော့ 
ကျောက်ရုပ်ဖြစ်သွားမှာပဲ
Thinker ရုပ်ထုကြီးတော့ မဖြစ်ချင်ဘူးဗျာ………။

commentinfo By: puhtuzin at Jun 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment