Professional Authors

သခင့်

အာကာတစ်ခွင် တာရာပြည့်နှက်
ကြယ်စုံလက်သော်
သခင့်မေတ္တာ ချစ်များစွာဟု
နှိုင်းယှဉ်တွေးမိ
ရင်ဝယ်ပီတီ ငြိမ့်ငြိမ့်စီး၏…………………..

ကောင်းကင်တစ်လွှာ
ကြယ်စင်ဆိတ်သုဉ်း
တိမ်ရိပ်ဖုံးသော်
ရင်ဝယ်သောက စိုးထိတ်လှ၏
သခင့်မေတ္တာ လျော့မှာကို…..
သခင့်သစ္စာ ပေါ့မှာကို………….

In: ကဗျာ Posted By: Date: Sep 9, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment